logo

Brown Spot and Its Control

Brown Spot and Its Control

ရောဂါ၏ အင်္ဂလိပ်နာမည် -Brown Spot Disease

Cochliobolus miyabeanus မှို ကြောင့် ရောဂါ ဖြစ်ပွါးသည်။

  • ပျိုးခင်း အဆင့်မှပင် စတင်ဖြစ်ပွားနိုင်သည်။

  • ရောဂါကျအရွက်များမှ အစက်အပြောက်များသည် အရွက်များမှ တဆင့် စပါးစေ့ခွံ နှင့် ဆန်စေ့များအထိပါ အနက်ရောင် အစက်အပြောက်များ ဖြစ်ပေါ်စေနိုင်ပြီး ၊ စားသုံးမှုထိခိုက်နိုင်သဖြင့် စျေးကွက်ဆုံးရှုံးမှုကြီးမားနိုင်သည်။

ရောဂါ လက္ခဏာ

  • ရောဂါလက္ခဏာကို အရွက်များနှင့် စပါးစေ့များပေါ်တွင် အဓိကတွေ့ရသည်။ 

  • အရွက်ပေါ်တွင် အစက်အပြောက်မှ နှမ်းစေ့ အရွယ် အညိုရောင်အကွက်များ စတင်ဖြစ် ပေါ်သည်။ အစက်အပြောက်များ မှာ အစပိုင်း တွင် အညိုရောင်ရှိပြီး ကြီးလာသောအခါ အညိုရင့်ရောင် အနားရစ် နှင့် အတွင်းသား မီးခိုးရောင်ရှိ ဘဲဥပုံကွက်ပျောက်များ ဖြစ်လာသည်။ 

  • စပါးစေ့များပေါ်တွင်လည်း ကူးစက်ပျံ့နှံဖြစ်ပွားသည်



source : Lucid central and IRRI

 

ရောဂါကူးစက်ဖြစ်ပွားပုံ

  • ရောဂါရ မျိုးစေ့များသည် အဓိက အားဖြင့် ရောဂါကူးစက်ပျံ့နှံစေသော အကြောင်းရင်းဖြစ်သည်။

  • ရောဂါဖြစ်စေသော မှိုသည် ရောဂါရ အပင်အစိတ်အပိုင်းများ နှင့် မြေတွင် ၂-၃ နှစ်ကြာ ခိုအောင်းနိုင်သဖြင့် မြေကြီးမှ တဆင့်လည်း ကူးစက်သည်။

  • ရောဂါကျ စပါးခင်းမှ မှိုများ လေဖြင့်လည်း ပျံ့လွင့်ကူးစက်သည်။

 

ရောဂါကာကွယ်ရန်အလေ့အကျင့်ကောင်းများ

  • ကြိုတင်လေ့လာပြီးမှသာ ရောဂါကင်းသော စပါးမျိုးစေ့ကို ရွေးချယ်စိုက်ပျိုးသင့်သည်။

  • အပူချိန် ၅၃-၅၄ ဒီဂရီ စင်တီဂရိတ် ခန့်ရှိသောရေနွေးတွင် မျိုးစေ့များကို ၁၀-၁၂ မိနစ်ခန့် စိမ်ပေးခြင်းဖြင့် မျိုးစေ့ဆောင် မှိုရောဂါများကို ပထမ အဆင့် ဖယ်ရှားနိုင်သည်။

 

ဓာတုဆေးဖြင့်ကာကွယ်နှိမ်နင်းပုံ

  • မျိုးစေ့လူးနယ် မှိုဆေးများအဖြစ် iprodione, propiconazole, azoxystrobin, trifloxystrobin, and carbendazim တို့ကို ထောက်ခံနှုန်းထားများအတိုင်း အသုံးပြုပါ။