Cochliobolus miyabeanus မှို ကြောင့် ရောဂါ ဖြစ်ပွါးသည်။
ပျိုးခင်း အဆင့်မှပင် စတင်ဖြစ်ပွားနိုင်သည်။
ရောဂါကျအရွက်များမှ အစက်အပြောက်များသည် အရွက်များမှ တဆင့် စပါးစေ့ခွံ နှင့် ဆန်စေ့များအထိပါ အနက်ရောင် အစက်အပြောက်များ ဖြစ်ပေါ်စေနိုင်ပြီး ၊ စားသုံးမှုထိခိုက်နိုင်သဖြင့် စျေးကွက်ဆုံးရှုံးမှုကြီးမားနိုင်သည်။
ရောဂါ လက္ခဏာ
ရောဂါလက္ခဏာကို အရွက်များနှင့် စပါးစေ့များပေါ်တွင် အဓိကတွေ့ရသည်။
အရွက်ပေါ်တွင် အစက်အပြောက်မှ နှမ်းစေ့ အရွယ် အညိုရောင်အကွက်များ စတင်ဖြစ် ပေါ်သည်။ အစက်အပြောက်များ မှာ အစပိုင်း တွင် အညိုရောင်ရှိပြီး ကြီးလာသောအခါ အညိုရင့်ရောင် အနားရစ် နှင့် အတွင်းသား မီးခိုးရောင်ရှိ ဘဲဥပုံကွက်ပျောက်များ ဖြစ်လာသည်။
စပါးစေ့များပေါ်တွင်လည်း ကူးစက်ပျံ့နှံဖြစ်ပွားသည်
source : Lucid central and IRRI
ရောဂါကူးစက်ဖြစ်ပွားပုံ
ရောဂါရ မျိုးစေ့များသည် အဓိက အားဖြင့် ရောဂါကူးစက်ပျံ့နှံစေသော အကြောင်းရင်းဖြစ်သည်။
ရောဂါဖြစ်စေသော မှိုသည် ရောဂါရ အပင်အစိတ်အပိုင်းများ နှင့် မြေတွင် ၂-၃ နှစ်ကြာ ခိုအောင်းနိုင်သဖြင့် မြေကြီးမှ တဆင့်လည်း ကူးစက်သည်။
ရောဂါကျ စပါးခင်းမှ မှိုများ လေဖြင့်လည်း ပျံ့လွင့်ကူးစက်သည်။
ရောဂါကာကွယ်ရန်အလေ့အကျင့်ကောင်းများ
ကြိုတင်လေ့လာပြီးမှသာ ရောဂါကင်းသော စပါးမျိုးစေ့ကို ရွေးချယ်စိုက်ပျိုးသင့်သည်။
အပူချိန် ၅၃-၅၄ ဒီဂရီ စင်တီဂရိတ် ခန့်ရှိသောရေနွေးတွင် မျိုးစေ့များကို ၁၀-၁၂ မိနစ်ခန့် စိမ်ပေးခြင်းဖြင့် မျိုးစေ့ဆောင် မှိုရောဂါများကို ပထမ အဆင့် ဖယ်ရှားနိုင်သည်။
ဓာတုဆေးဖြင့်ကာကွယ်နှိမ်နင်းပုံ
မျိုးစေ့လူးနယ် မှိုဆေးများအဖြစ် iprodione, propiconazole, azoxystrobin, trifloxystrobin, and carbendazim တို့ကို ထောက်ခံနှုန်းထားများအတိုင်း အသုံးပြုပါ။