logo

ဖြုတ်စိမ်း

ဖြုတ်စိမ်း

ဖျက်ပိုး၏ အင်္ဂလိပ်အမည် - Rice Green Leaf Hopper 

ဖျက်ပိုး၏ သိပ္ပံအမည် - Nephotettix cincticeps

ကျရောက်သည့်အဆင့် နှင့် ဖျက်ဆီးပုံ

ပျိုးပင်အဆင့် ပင်ပိုင်းကြီးထွား နေသောအဆင့်၊ ပန်းပွင့်နေသောအဆင့်တွင် ဖြုတ်အကောင်ကြီးများက အရွက်များ နှင့် ပင်စည်များ ပေါ်တွင် အပင်ရည်ကို စုပ်စားသည်။

တိုက်ရိုက်ဖျက်ဆီးမှုကြောင့် အကောင်ဦးရေ သိသိသာသာ များပြားမှ သာ စပါးအပျက်အစီးများသည်။ 

ဖြုတ်စိမ်းများသည် စပါးရောဂါ ဖြစ်စေသော virus ကိုသယ်ဆောင်ပြီး ရောဂါ ကူးစက်ပျံ့နှံ့ စေသည်။

ဖျက်ဆီးမှု လက္ခဏာ

စုပ်စားထား သော အရွက်များ အဝါရောင်ပြောင်း၍ ခြောက်သွေ့သွားသည်။ 













ဖြုတ်စိမ်း ၏ ဘဝ စက်ဝန်း source : Ento 331

ဖြုတ်စိမ်း အရွယ်ရောက် အကောင်ကြီး

source : IRRI

ဖြုတ်စိမ်း ဖျက်ဆီးခံရသော စပါးရုံပုံ

source: Lucid central

 

ဖျက်ပိုးကာကွယ်ရန် အလေ့အကျင့်ကောင်းများ

  • ဆောင်းတွင်း စပါးမစိုက်ဘဲ မြေလှပ်ထားသော အကွက်ကို ထယ်ထိုးထားပါ။ 

  • စောစီးစွာစိုက်သော အခင်းများတွင် ဖြုတ်စိမ်းမှ တဆင့် Virus ရောဂါကူးစက် နိုင်သည်။

  • နိုက်ထရိုဂျင်  မြေသြဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ပါ။ 

  • သက်ရင့်ပျိုးများကို ကောက်စိုက်စက်ဖြင့် စိုက်ပါ။

  • စပါးခင်းတွင် သားရဲ ဖြစ်သော ပင့်ကူ အရေအတွက် ပွားများအောင် ထိန်းသိမ်းပေးပါ။

  • ဘူဘေးရီးယား ဘက်စီယားမားမှိုဖြင့် ဖော်စပ်သောပိုးသတ်ဆေး သည် ဖြုတ်စိမ်းအရေအတွက် ကို လျော့ကျစေသည်။

 

ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ

  • ထောက်ခံထားသော ပင်လုံးပျံ့ ပိုးသတ်ဆေးများကို သတ်မှတ်နှုန်းထားအတိုင်း အသုံးပြုပါ။

  • Acephate granules -0.022-0.033 Kg/ ha

  • Acephate + Carbaryle granules

  • Carbofuran granules 0.45-0.6 Kg

  • Cholorodimeform granules 1.0- 1.5 Kg/ ha

  • Diazinon granules 1-1.5 kg

  • Disulfoton granules 0.1 Kg

  • Dichrotophos 0.3-0.5 Kg

  • Demeton-S-methyl 0.75 – 1.5 Kg

  • Endosulfan granules 1.0 Kg