ဖျက်ပိုး၏ သိပ္ပံအမည်- Nilaparvata lugens
ကျရောက်နိုင်သည့် အဆင့်
စပါးပင် ကြီးထွားနေ သော အဆင့်တွင် တစ်ပင်လုံးတွင် ကျနိုင်သည်။ အရွက်များ၊ ပင်စည်များမှ ပင်ရည်စုပ်ယူဖျက်ဆီးသည်။
ဖျက်ဆီးမှုလက္ခဏာ
အပင်အရောင် မညီညာဘဲ အဝါရောင်နှင့် အစိမ်းရောင် ကွက်တိကွက်ကြားဖြစ်နေခြင်း။
အရွက်ရင့်များ ရွက်ထိပ်မှ အလယ်ကြောထိ အဝါရောင်ပြောင်းလာခြင်း။
အရွက်များခြောက်သေခြင်း၊ မီးမြှိုက်ထား သကဲ့သို့ ဖြစ်ခြင်းများကို တွေ့နိုင်သည်။
အညိုရောင်ဖြုတ်ပိုး- အရွယ်ရောက်ကောင် |
စပါးခင်းတွင် ကျရောက်ပုံ |
ပိုးကျရောက်မှုကြောင့် ပျက်စီးနေသော စပါးခင်း |
Source: IRRI
ဖျက်ပိုးကာကွယ်ရန်အလေ့အကျင့်ကောင်းများ
တစ်နှစ်လျှင် ၂ သီးထက်ပိုမစိုက်ခြင်း
စောပြီးရင့်မှည့်သောမျိုးကို ရွေးစိုက်ခြင်း
နိုက်ထရိုဂျင်မြေသြဇာကို အလီလီခွဲကျွေးခြင်း
ပိုးကျများစွာကျနေလျှင် စိုက်ကွက်မှ ရေကို ၃-၄ရက် ခန့် ထုတ်ထားပေးခြင်း
သဘာဝရန်သူ သားရဲ နှင့် ကပ်ပါးများ စပါးခင်းထဲ လွှတ်ပေးခြင်း။
စပါးခင်းတွင် နဂိုရှိနေသော သဘာဝ ရန်သူပိုးများ တိုးလာစေရန် ဓာတုဆေးများ လျှော့သုံးခြင်း
အညိုရောင်ဖြုတ် ပိုးဒဏ် ခံနိုင်ရည် ရှိသောမျိုးများမှာ - IR 26, IR 64, IR 36, IR 56, IR 72, IR 74 တို့ဖြစ်သည်။
ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ
ပင်လုံးပျံ့ပိုးသတ်ဆေးများသုံးပါ။
ထိသေပိုးသတ်ဆေးကို လိုအပ်မှသုံးပါ။
Chlopyriphos/ ကာဘိုဆာလ်ဖန်/ အဆီတာမီပရစ်/ ကာတက်