logo

Fowlpox in chicken

Fowlpox in chicken
  • ကြက်ကျောက်ရောဂါသည် ရာသီဥတုကူးပြောင်းချိန် အထူးသဖြင့် မိုးအကုန် ဆောင်းဝင်စနှင့် ဆောင်းတွင်းကာလများတွင် အဖြစ်များသည်။
  • အရေပြားပေါ်တွင်ဖြစ်သော အခြောက်အမျိုးအစားနှင့် အာခေါင်၊ မျက်လုံးများတွင် ဖြစ်တတ်သော အမျိုးအစား (၂)မျိုးရှိ သည်။

 

Fowlpox in Poultry 

Source: HENDRIX GENETICS Source: PoultryDVM

 မျက်နှာ၊ မျက်လုံးတစ်ဝိုက်နှင့် အမောက်များတွင် ကျောက်ရောဂါ ဖြစ်ပွားခြင်း

 

ရောဂါဖြစ်စေသော သက်ရှိ - Avian poxvirus (Fowl poxvirus, FPV) (ဗိုင်းရပ်စ်)

ရောဂါဖြစ်ပွားသည့် အရွယ် - ၁ လ သားမှ ၃ လ သားအရွယ် 

ရောဂါလက္ခဏာများ - အမွှေးမရှိသည့် အရေပြား(မျက်နှာ ၊ အမောက်၊ လည်ပါးပြင်၊ မျက်ခွံ၊ အာခေါင်အမြှေးပါး) ပေါ်တွင်  အနာဖုများတွေ့ရခြင်း၊ ကနဦးပိုင်းတွင် အရောင်ဖျော့သော အစက်အပျောက်များဖြစ်ပြီး တဖြည်းဖြည်း အဝါရောင်ပြောင်းကာ ယောင်ရမ်းလာပြီး အနက်ရောင် အနာဖေးများ ဖြစ်သွားခြင်း၊ နှာခေါင်းနားတွင် ဖြစ်လျှင် နှာရည်ယိုခြင်း၊ မျက်ခွံပေါ်တွင် ဖြစ်လျှင် မျက်လုံးကန်းခြင်း၊ အာခေါင်တွင်ဖြစ်လျှင် အစာမစား နိုင်ဘဲ အာဟာရပြတ်ကာ သေဆုံးခြင်း

ကာကွယ်ကုသနည်း - ကြက်ပေါက်ပြီး ပထမရက်သတ္တပတ်အနည်းငယ်တွင် ကာကွယ်ဆေးထိုးနှံပြီး ၁၂-၁၆ ပတ်အကြာတွင် ထပ်မံထိုးပေးခြင်း၊ ရောဂါကျနေသော ကြက်များကို သီးခြားခွဲထားခြင်း၊ ကြက်ခြံတွင် ရောဂါပိုး သယ် ဆောင်သော ခြင်၊ သန်းများ ရှင်းလင်းအောင် ဆောင်ရွက်ခြင်း၊ ရောဂါကျရောက်နေစဉ်နှင့် ကျရောက်ပြီး ချက်ခြင်းတွင် ကာကွယ်ဆေးမထိုးရ၊ ကြက်ကျောက်ရောဂါအတွက် ကုသဆေးမရှိသေးသော်လည်း အနာများပေါ်သို့ အိုင်အိုဒင်းဆားလိမ်းပေးလျှင် နောက်ဆက်တွဲရောဂါ ဖြစ်ပေါ်မှုကို ကာကွယ်နိုင်သည်။