logo

Argulosis Disease

Argulosis Disease

  • ရောဂါဖြစ်ပွားစေသောသက်ရှိ - ကြီးမား၍ ၁ စင်တီမီတာခန့်ရှည်သော Fish louse (Argulus spp;) ငါးသန်း

  • ကန်အရည်အသွေးညံ့ဖျင်းပါက ရာသီမရွေးဖြစ်ပွားနိုင်သည်။

  • ရောဂါလက္ခဏာများမှာ - ကျောဆူးတောင်အောက်ခြေတွင် အဖြူလွှာပိတ်လာခြင်း၊ ငါးများ၏အရေပြားကိုထိုးဖောက်၍ သွေးစုပ်ခြင်းကြောင့် တစ်သျှူးများရောင်ယမ်းခြင်း၊ အကျိအချွဲများထွက်ခြင်း၊ သွေးကြောပေါက်ခြင်း၊ အရေပြားပေါ်တွင် အနီစက်များဖြစ်ပေါ်ခြင်း၊ အနာများဖြစ်ပေါ်ခြင်း၊  ယားယံသည့် ဝေဒနာကြောင့် အချွဲစစ်ထုတ်မှုများလာပြီး အားအင် ကုန်ခမ်းခြင်း။ 

  • ကာကွယ်နှိမ်နင်းနည်း - ကန်ရေကို မကြာခဏလဲလှယ်ပေးခြင်း၊ ငါးသန်းဥများ တွယ်ကပ်နိုင်သည့် ရေနေပင်များကို မကြာခဏဖယ်ရှားခြင်း။ ‌ရောဂါကျသောငါးများအား 5 ppm KMnO4 ကို ၃-၅ မိနစ်ခန့်စိမ်ပေးခြင်း။