logo

ရွက်လိပ်ပိုး

ရွက်လိပ်ပိုး

ဖျက်ပိုး၏ အင်္ဂလိပ်အမည် - Leaf folder 

ဖျက်ပိုး၏ သိပ္ပံအမည်-  Cnaphalocrocis medinalis 

စပါး၊ နှံစားပြောင်း ၊ ပြောင်းဖူး ၊ ဂျုံ တို့သည် အဓိက လက်ခံပင်ဖြစ်သည်။ 

စပါးရိုင်း၊ ငှက်ပျော၊ အုန်း၊ အုတ်၊ ဘာလီ၊ ဆေးရွက်ကြီး၊ ကြံ၊ လူး၊ ဆတ် တို့တွင်လည်း ကျရောက်တတ်သည်။

ကျရောက်သည့်အဆင့် နှင့် ဖျက်ဆီးပုံ

ပင်ပိုင်းကြီးထွားမှု အဆင့်တွင် ပိုးတုံးလုံးသည် အရွက်ကို မစား မီ အရွက် ကို ဒေါင်လိုက်လိပ် သွားအောင်အရွက် အနားကို ကပ်ပြီး ပြုလုပ်ပြီး မှ ရွက်လိပ်ထဲတွင်နေကာ အစိမ်းရောင် တစ်ရှူးကို ခြစ်၍စားသည်

ဖျက်ဆီးမှု လက္ခဏာ

ဒေါင်လိုက်အရွက်လိပ်များ၊ ခြစ်စားခံရသော အရွက်များတွင် အမြှေးပါးသာကျန်သည့် အစင်းတန်းများ၊ အဖြူဖျော့ရောင် အစင်းတန်းများ တွေ့ရသည်။

ရွက်လိပ်ပိုး ဘဝ စက်ဝန်း

ရွက်လိပ်ပိုး ပိုးတုံးလုံး က အရွက်အနားများကို ဒေါင်လိုက်လိပ်နေပုံ

စပါးရွက်လိပ်ပိုး ဖျက်ဆီးခံရသည့် အခင်းပုံ

source : Ento 31

 

Source: ICAR- CRIDA

 

 

ဖျက်ပိုးကာကွယ်ရန်အလေ့အကျင့်ကောင်းများ

  • ဥကပ်ပါးအဖြစ် နဂျီမျိုးများဖြစ်သည့် Trichogramma japonicum and Apanteles cypris (China တွင်) သုံးသည်။ 

  • Granulosis virus သည် ပိုးတုံးလုံး ၃၀-၄၀ % သေစေနိုင်သည်။

  • IET 8675/ 8698/ 8710/ 7776 မျိုးများ အသင့်အတင့် ခံနိုင်ရည်ရှိသည်။

  • အရွက်ကျဥ်းမြောင်းသောမျိုးသည် အရွက်ကျယ်သောမျိုးထက် ခံနိုင်ရည်ရှိသည်။

 

ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ

organophosphate and organothiophosphate insecticides အုပ်စုဝင် များဖြစ်သော  အောက်ပါဆေးများကို ထောက်ခံနှုန်းထားများအတိုင်းအသုံးပြုပါ။

  • တမာစေ့ အဆီ

  • Diazinon EC 1.0 Kg/ ha

  • Dichlorvos EC- 0.3-0.5 Kg/ha

  • Dichrotophos EC 0.38 Kg/ha

  • Fenitrothion EC 0.6 Lit/ha

  • Fenthion EC 0.6 Lt/ha

  • Mephosfolan EC 0.5-1.0 Kg/ha

  • Phosmet WP 

  • Phosphamidon EC 0.2-0.3 Kg/ha