ကြမ်းပေါ်တွင် အိပ်ပါက မစင်များ၊ အခြားအညစ်အကြေးများနှင့် ထိတွေ့ကာ ရောဂါနှင့် ကပ်ပါးပိုးများသည် ကူးစက်နိုင် သည်။
အိပ်တန်းတွင် အိပ်ခြင်းဖြင့် ကြက်များ တစ်ကောင်နှင့် တစ်ကောင် ဆိတ်ခြင်း၊ ရန်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးသည်။
တစ်မီတာရှည်သော အိပ်တန်းတစ်တန်းသည် အရွယ်ရောက်ပြီးသော ကြက် (၅) ကောင် ကောင်းမွန်စွာ အိပ်စက်နိုင်သည်။
အိပ်တန်းအတွက် မကြီးလွန်း၊ မသေးလွန်းသော လုံးဝိုင်းသည့် တုတ်ချောင်းများဖြင့် လုပ်ပေးသင့်သည်။
ကပ်ပါးကောင်များကို မတွယ်ကပ်နိုင်ရန် အိပ်တန်းကို အင်ဂျင်ဝိုင် (သို့) ရေနံဆီ တို့ဖြင့် သုတ်လိမ်းထားသင့်သည်။
အိပ်တန်းသည် ကြက်များ၏ ခြေဖဝါးအရွယ်အစားနှင့် ကိုက်ညီရမည်။
ကြက်များ အနားယူနိုင်ရန် အိပ်တန်းထားရှိပေးခြင်း