logo

မဂ္ဂနီစီယမ်ဓါတ်ချို့တဲ့ခြင်း (Mg)

မဂ္ဂနီစီယမ်ဓါတ်ချို့တဲ့ခြင်း (Mg)

အပင်ကြီးထွားမှု အဆင့်တိုင်းတွင် ချို့တဲ့မှု ဖြစ်ပေါ်နိုင်သည်။ အလွန်အမင်းမချို့တဲ့ပါက အပင်အမြင့် နှင့် ပင်ပွားအရေ အတွက်ကို မထိခိုက်သေည်လည်း အနှံအရည်အသွေးနိမ့်သည်။ အောင်စေ့နည်းပါးပြီး ပရိုတင်း နှင့် ကစီဓါတ် ပါဝင်မှုနည်းစေသည်။

ဆည်ရေသောက်လယ်များတွင် သွင်းရေနှင့်အတူ Mg ဓါတ်ပါလေ့ရှိသဖြင့် ချို့တဲ့မှုအလွန်နဲသည်။ မိုးကောင်းသောက်လယ် နှင့် ယာစပါးခင်းများတွင်မူ အပင်အကျွင်းအကျန်များနှင့် သတ္ထုဓါတ်များကို သေချာစွာပြန်လည်မဖြည့်တင်းပေးပါက Mg ဓါတ်ချို့တဲ့မှုများသည်။ အထူးသဖြင့် အချဥ်ဓါတ်များပြီး ရေလေ တိုက်စားခံရမှုများသော မြေများ၊ သဲကြမ်းဆန် ၍ စိမ့်ဝင်စီးဆင်းမှုများသော မြေများတွင် အဖြစ်များသည်။ 

လက္ခဏာများ

အပင်အမြင့်နှင့် ပင်ပွား အရေအတွက်ကို ထိခိုက်နိုင်သည်။ အရွက်ဟောင်းများ လိမ္မော်-ဝါရောင် သို့ပြောင်းကာ ရွက်ထိပ်များမှာ ဖြူနေမည်။ အရွက်ပြားများ လှိုင်းကဲ့သို့တွန့်ပြီး ငိုက်ကျနေသည်။ ရွက်ဟောင်းများပေါ်တွင် ရောင်မညီကွက်များဖြစ်ပေါ်ပြီး လိမ္မော်ရောင် တွေ့ရသည်။ 

ပြုပြင်ရန်နည်းလမ်း

ရွက်ဖျန်းမြေသြဇာ 0.5 % MgSO4 (5g/lit) ကို ၁၅ ရက်ခြား၍ ၂ ကြိမ် ပက်ဖြန်းပေးပါ။