logo

စပါးနှံစုပ်ဂျပိုး

စပါးနှံစုပ်ဂျပိုး

ဖျက်ပိုး၏ အင်္ဂလိပ်အမည် - Rice Bug 

ဖျက်ပိုး၏ သိပ္ပံအမည် - Leptocorisa acuta Thunberg

ကျရောက်နိုင်သော အဆင့်

ပန်းပွင့်သောအဆင့် စပါးနှံတည်သော အဆင့်တို့တွင် ပိုးမမည်နှင့် အကောင်ကြီးများသည် အရွက်များနှင့် အစေ့များမှ ပင်ရည်ကို စုပ်ယူစားသောက် ဖျက်ဆီးသည်။

ဖျက်ဆီးမှု လက္ခဏာ

  • နို့ရည်ခဲခါစ စပါးစေ့များ စုပ်ယူစားသောက်ခြင်း ခံရ၍ အစေ့များ သေး ငယ်သွားသည်။ 

  • နှံစုပ်ဂျပိုး ထိုးဖေါက် စုပ်စား သောနေရာမှ မှိုများဝင်ရောက်၍ စပါး စေ့အရာင် ပျက်သည်။

 

စပါးနှံစုပ် ဂျပိုးပုံ

စပါးနှံတွင် ကျရောက်ဖျက်ဆီးပုံ

source : Plant wise knowledge bank

source: Agri Point

 

ဖျက်ပိုးကာကွယ်ရန်အလေ့အကျင့်ကောင်းများ

  • စောစီးစွာ ရင့်မှည့်သောမျိုး၊ အလွန်နောက်ကျမှ ရင့်မှည့်သော စပါမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း

  • ပိုးခိုအောင်းနိုင်သည့် ပတ်ဝန်းကျင်ရှိမြက်များကို ရှင်းလင်းထားခြင်း 

  • Sathi/ Soma/ Mondagakutty စသည့် Indica မျိုးများသည် စားသုံးမှု အရည်အသွေးကြမ်းသော်လည်း နှံစုပ်ဂျပိုးဒဏ်ခံနိုင်ရည် ရှိသည်။

ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ

  • မာလာသီယွန်ဆေးမှုန့်များပက်ဖြန်း နိုင်သည်။

  • ထိသေစားသေ ပိုးသတ်ဆေးများကို ထောက်ခံနှုန်းထားအတိုင်းသုံးပါ

  • Acephate EC 50-100 gm/ha 

  • Azinphos-methyl- powder-0.3-0.5 Kg/ ha

  • Chlofenviphos EC 1.0-1.5 kg/ Ha

  • Dichlorvos EC 300-1000 gam/ha

  • Fenthion -powder- 0.6-1.2 Kg/ha

  • Phenthoate EC 0.5 Kh/ha