logo

ជម្ងឺអាសន្នរោគ

ជម្ងឺអាសន្នរោគ

ကြက်ဝမ်းကျရောဂါ (ပိုးမွှားရောဂါများ - တိရိစ္ဆာန်ငယ် ပြုစုကာလ၊ ကြီးထွားချိန်ကာလ၊ ထုတ်လုပ်မှုနှင့် ရောင်းချ ကာလ)

  • ဝမ်းကျရောဂါသည် ကြက်များတွင်သာမက ဘဲများတွင်လည်း ဖြစ်ပွားနိုင်သည်။ 

 

 ကြက်ဝမ်းကျရောဂါ၏ လက္ခဏာများ (Source: PoultryDVM)

ရောဂါဖြစ်စေသော သက်ရှိ - ဘတ်တီးရီးယား

ရောဂါဖြစ်ပွားသော အရွယ် - ၃ လ သားအရွယ်နှင့် အထက် ကြက်ကြီးများတွင်လည်းဖြစ်ပွား

ရောဂါလက္ခဏာများ - ကိုယ်အပူချိန် မြင့်တက်ခြင်း၊ သရေယိုခြင်း၊ မျက်နှာယောင်ရမ်းခြင်း၊ ချောကလက်ရောင် ဝမ်းအရည် သွားခြင်း၊ သေဆုံးသည့်အခါ မျက်နှာ၊ အမောက်နှင့် လည်သီးများ ညိုမည်းခြင်း

ကာကွယ်ကုသနည်း - ကြက် ၃ လ သားအရွယ်မှစကာ ၆ လ တစ်ကြိမ် ကာကွယ်ဆေးထိုးပေးခြင်း၊ ကြွက်များမှာ အဓိက ရောဂါသယ်ဆောင်သူများဖြစ်သောကြောင့် ကြက်ခြံတွင် ကြွက်များမရှိအောင် ကာကွယ်ခြင်း၊ ရောဂါဖြစ် သော ကြက်များကို သီးခြားခွဲထားကာ ပဋိဇီဝဆေးမှုန့်ကို ရေဖြင့်ရောကာ ကျွေးခြင်း