logo

Coccidiosis

Coccidiosis

သွေးဝမ်းကျရောဂါ (ပိုးမွှားရောဂါများ - တိရိစ္ဆာန်ငယ် ပြုစုကာလ)

 

        346

Source: HENDRIX GENETICS                Source: Chicken Scratch The Foundry         Source: The Poultry Site

သွေးဝမ်းကျရောဂါဖြစ်ပွားနေသော တိုင်းရင်းကြက်၏ လက္ခဏာများ

ရောဂါဖြစ်စေသော သက်ရှိ - Protozoa (ပရိုတိုဇိုးဝါး)

ရောဂါဖြစ်ပွားသော အရွယ် - ၆ ပတ်မှ ၃ လ သား

ရောဂါလက္ခဏာများ - ကြက်ငယ်များ ကြီးထွားနှုန်းနှေးပြီး အတောင်များ ရှည်ထွက်လာကာ ခန္ဓာကိုယ်သေးငယ်ခြင်း၊  အစာ စားနှုန်းကျဆင်းခြင်း၊ ဝမ်းအရောင်ညစ်ခြင်း၊ မစင်ထဲတွင် သွေးအစအနများပါခြင်း

ကာကွယ်ကုသနည်း - သောက်ရေ၊ သောက်ရေခွက်များကို အမြဲသန့်ရှင်းအောင်ထားခြင်း၊ ရောဂါဖြစ်ပွားနေသော ကြက်များ ကို ရေဖြင့်ရောကာ ပဋိဇီဝဆေး၊ အမ်လရိုလီယံ (သို့) မီထရိုနိုက်ဒါဇော ဆေးများ ပေးခြင်း