logo

စပါးနှံဖြတ်ပိုး

စပါးနှံဖြတ်ပိုး

ပိုး၏အင်္ဂလိပ်အမည်-Paddy Armyworm or Rice grain nibbling caterpillar

ပိုး၏ သိပ္ပံအမည်_ Mythimna separata ( Walker, 1865)

လယ်ကွက်များတွင် တပြိုင်နက်၊ တချိန်တည်းတွင် ဖျက်ဆီးခံရနိုင်သည်။

အရွက်နှင့် ပန်းခိုင်ကို အဓိက ဖျက်ဆီးသည်။

ကျရောက်နိုင်သည့်အဆင့် -  ပျိုးခင်းနှင့်အပင်ကြီးထွားစဥ်ကာလတွင် အရွက်နှင့် ပန်းခိုင်ကို ကိုက်ဖြတ်သည်။

ဖျက်ဆီးမှု လက္ခဏာ -  ပျိုးပင်ရင်းကိုက်ဖြတ်ရာကြီးများ၊ -ပျိုးပင်များလဲကျနေခြင်း၊ အရွက်ပြတ်များ တွေ့ရခြင်း၊ အရွက်ကြောသာကျန် အောင် ကိုက်ဖြတ်ထားခြင်း၊ အပွင့်နှင့် အစေ့များပျက်စီးခြင်း၊ စပါးနှံများ မြေပေါ်ပြတ်ကျနေခြင်း

 

ပုံ- စပါးနှံဖြတ်ပိုး (Paddy Armyworm)


ဖလံအဆင့် 

Armywormများ ကျရောက်ဖျက်ဆီးခံရသော စပါးပင်များ 

source : IRRI

 

Source : Plant wise knowledge bank

 

ဖျက်ပိုးကာကွယ်ရန်အလေ့အကျင့်ကောင်းများ

  • လယ်ကွက်များအကြား မြောင်း နှင့် အတားအဆီးများ လုပ်ပေးခြင်း ။ မြောင်းထဲတွင် ရေဖြည့်ပြီး ရေနံဆီထည့်ပေးခြင်း

  • ဥအစုအဝေး နှင့် ပိုးတုံးလုံးများကို လက်ဖြင့်ကောက်ခြင်း

  • ပိုးတုံးလုံးများကျနေသော အကွက်ထဲသို့ ဘဲများလွှတ်ကျောင်းပေးခြင်း

  • ခံနိုင်ရည်ရှိသောမျိုး မရှိသေးပါ

ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ

ထောက်ခံထားသော ထိသေစားသေ ပိုးသတ်ဆေးများဖြစ်သော  Malathion, Chlopyriphos, Carbofurum-3 G တို့ဖြင့် သတ်မှတ်နှုန်းအတိုင်း ပက်ဖြန်းပေးပါ။

ET (Economic Threshold) – 

အနှံမထွက်ခင်အချိန်တွင် အပင်တရုံလျှင် ပိုးတုံးလုံး ၁-၅ ကောင်/ သို့/ ၁ စတုရန်းမီတာ တွင် ပိုးတုံးလုံး ၉ ကောင်

 

အနှံထွက်ချိန်တွင် စပါးတရုံ(အနှံ ၁၀နှံ) တွင် ပိုးတုံးလုံး ၁ ကောင်