Xanthomonas oryzae pv. Oryzae ဘက်တီးရီးယားကြောင့် ဖြစ်ပွါးသည်
ပျိုးခင်းအဆင့်မှာပင် စတင်ဖြစ်ပွားနိုင်ပြီး ပင်ပွားစထွက်ချိန်တွင် အဖြစ်များသည်။
ပျိုးပင်များ ညှိုးနွမ်းသေဆုံးခြင်း ၊ အရွက်များ ဝါခြောက်လာခြင်းတို့ ပျိုးခင်းမှာပင် စတင်တွေ့နိုင်သည်။
ရောဂါ လက္ခဏာ
ရောဂါလက္ခဏာကို အရွက်ဖျား နှင့် ရွက်နားတွင် စတင်တွေ့ရသည်။ ရေစိုနာ အစင်းတန်း စတင်ဖြစ်ပေါ်၍ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ဖြစ်စတွင် အစိမ်းဖြော့မှ စိမ်းမွဲရောင်ရှိပြီး ၁-၂ ရက် အကြာတွင် အဝါရောင် (သို့) ကောက်ရိုးရောင်ပြောင်း သွားသည်။
ရောဂါရ တစ်ရှူးသားနှင့် ရောဂါကင်း တစ်ရှူးသားတို့ ဆက်စပ်ရာ နေရာတွင် ရေစိုနာ စိမ်းပြာရောင် (သို့) လိမ္မော်ရောင်ရှိပြီး အနားများ မညီညာ လှိုင်းတွန့်ပုံရှိသည်။
Source; Research Gate
ရောဂါကူးစက်ဖြစ်ပွားပုံ
ရောဂါရှိ စပါးခင်းမှ ကောက်ရိုး၊ ရိုးပြတ်များ၊ အလေ့ကျ စပါးရိုင်းပင်များ၊ လက်ခံပေါင်းပင်များနှင့် ရောဂါရမျိုးစေ့များတွင် ခိုအောင်းနေတတ်ပြီး နောက်ရာသီတွင် ရောဂါကူးစက်သည်။
ရေသွင်းရေထုတ်ပြုလုပ်ခြင်း ၊ လေပြင်းမုန်တိုင်း တိုက်ခပ်ခြင်းတို့ကြောင့် ရောဂါဖြစ် ဘက်တီးရီးယားများပျံ့လွင့်ကာ အပင်များ၌လည်းဒဏ်ရာဖြစ်စေကာ ရောဂါဝင်ရောက်မှုကို အားပေးသည်။
ခံနိုင်ရည်ရှိသော မျိုးများ
အရှေ့တောင်အာရှနိုင်ငံများတွင် PSB Rc82 မျိုးသည် ဤရောဂါခံနိုင်ရည် ရှိကြောင်းတွေ့ရသည်။
Mozambique နိုင်ငံတွင် Macassane မျိုး နှင့် Tanzania တွင် IR22 , IR 54 တို့သည် BLB ကို အသင့်အတင့်ခံနိုင်ရည်ရှိသည်။
ရောဂါကာကွယ်ရန်အလေ့အကျင့်ကောင်းများ
စိုက်ခင်းထဲရှိ ပေါင်းပင်များ ၊ အခြားရောဂါလက်ခံပင်များ၊ ရိုးပြတ်များကို ထယ်ထိုးမြေမြှပ်ပေးခြင်းဖြင့် ရောဂါလက်ခံရာ နေရာများ ကို ရှင်းလင်းပေးရမည်။
စပါးတသီးနှင့် တသီးကြား မြေလှပ်ထားပေးခြင်းဖြင့်လည်း မြေဆီလွှာတွင်းနှင့် အပင်အကြွင်းအကျန်များတွင် ခိုအောင်း နေသော ရောဂါပိုးများ လျော့နည်းစေသည်။
ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ
မျိုးစေ့ဆေးစီရင်ခြင်း - သတ်မှတ်ထောက်ခံထားသော မှိုဆေးများ _ Copper oxychloride (သို့) Copper sulphate
မျိုးစေ့ဆေးစိမ်ခြင်း - Ceresan (0.1 %) တွင် ၈ နာရီစိမ်ပြီး Streptocyclin ( ရေ ၁ လီတာ လျှင် ၃ gm နှုန်း) ဖြင့် လူးနယ်ရန်
စိုက်ခင်းတွင်ဖြန်းရန် - Streptomycin sulphate + Tetracycline 300 g + copper oxychloride 1.25 kg / ha