logo

စပါးဂုတ်ကျိုးရောဂါ

စပါးဂုတ်ကျိုးရောဂါ

ရောဂါ၏ အင်္ဂလိပ်အမည်- Rice Blast

Magnaporthe oryzae မှိုကြောင့် ဖြစ်ပွါးသည်။ 

  • အပင်သက်တမ်းတလျှောက် အချိန်မရွေး ကျရောက်နိုင်သည်။

  • အရွက်များသာမက၊ ပင်စည်ပိုင်း၊ စပါးနှံများ နှင့် စပါးစေ့များပေါ်တွင်ပါ ဖြစ်ပွားသည်။

  • အပူပိုင်းနှင့် သမပိုင်းဒေသများတွင် မိုးစပါးနှင့်နွေစပါး နှစ်မျိုးလုံးတွင်ဖြစ်ပွားတတ်သည်။ 

  • နိုက်တြိုဂျင်မြေသြဇာကို တကြိမ်ထဲ များများထည့်သွင်းခြင်းသည် ဤရောဂါကျရောက်ရန် စိမ်ခေါ်သကဲ့သို့ဖြစ်စေသည်။

  • စိုစွတ်သောရက်ရှည်ပြီး၊ ညအချိန်လေငြိမ်လျှင် ဆိုးဝါးစွာဖြစ်ပွါးတတ်သည်။ 

ရောဂါလက္ခဏာ

  • အရွက်များပေါ်တွင် လွန်းပုံသဏ္ဌာန်ရှည်မျောမျောအကွက်များသည်အတွင်းပိုင်း အရောင်ဖျော့ပြီး အနားသတ်များမှာ နီညိုရောင် ရှိသည်။ စပါးပင် အဆစ်နှင့်အနှံဂုတ်များတွင်လည်း ညိုမဲရောင် အကွက်များဖြစ်လာသည်။

အရွက် နှင့် အဆစ်များ ပေါ်တွင် ရောဂါဖြစ်ပွါး နေပုံ 

source: ScienceDirect.com

စပါးနှံ ဂုတ်ပေါ်တွင် ရောဂါကျရောက်နေပုံ

source: Dept of Agriculture & Food

 

ရောဂါကူးစက်ဖြစ်ပွားပုံ

  • ခံနိုင်ရည်မရှိသော စပါးမျိုးတွင် ရောဂါကွက်များတခုနှင့် တခုဆက်သွားပြီး စပါးရွက်များ သေဆုံးစေသည်။ ခံနိုင်ရည်ရှိသော မျိုးတွင် သေးငယ်သော အညိုရောင် အပျောက်များသာဖြစ်သည်။

  • စပါးပင် အဆစ်များနှင့် အနှံများတွင်လည်းကျရောက်တတ်ပြီး အဆစ်များညိုမည်းကာ ကျိုးကျစေသည်။

  • အနှံ၏ ဂုတ်ပေါ်တွင်ရောဂါဝင်ရောက်ပါက ညိုမဲရောင်အကွက်များဖြစ်ပြီး ကျိုးကျတတ်သည်။

ခံနိုင်ရည်ရှိသောမျိုးများ

  • CAR 14 (IR 06L164) မျိုး ကို စပါးဂုတ်ကျိုးရောဂါ ခံနိူင်ရည်ရှိပြီး ၊ အထွက်ကောင်းမျိုးအဖြစ် ၂၀၁၅ တွင် ကမ္ဘောဒီးယားနိုင်ငံတွင်ဖြန့်ဖြူးသည်။

 

ဓာတုဆေးဖြင့်ကာကွယ်နှိမ်နင်းပုံ

  • မျိုးစေ့ဆေးစီရင်ခြင်း - Captan / Carbendazim / Thiram / Tricyclazole ဆေးတမျိုးမျိုးကို မျိုးစေ့ ၁ Kg လျှင် ဆေး ၂.၀ gm နှုန်းဖြင့် လူးနယ်စိုက်ပျိုးခြင်း။

  • ပင်လုံးပျံ့မှိုသတ်ဆေးများဖြစ်သည့် အောက်ပါဆေးများ နှင့် နှုန်းထားများအတိုင်း ပက်ဖြန်းပေးနိုင်သည်။

  • Pyroqilan (သို့) Tricyclazole  တို့ကို ရေ ၁ လီတာလျှင် ဆေး ၁ gm နှုန်း ဖြင့် ဖျန်းရန်။

  • Edifenphos ကို ရေ ၁ လီတာလျှင် ၁ ml နှုန်း

  • Carbendazim ကို ရေ ၁ လီတာလျှင် ၁.၀ gm နှုန်း