logo

စပါးရွက်လိပ်ပြာ

စပါးရွက်လိပ်ပြာ

ဖျက်ပိုး၏ အင်္ဂလိပ်အမည်- Rice Butterfly 

ဖျက်ပိုး၏ သိပ္ပံအမည်- Melanitis ledaismene Cramer

ကျရောက်နိုင်သော အဆင့်

ပင်ပိုင်းကြီးထွားနေသောအဆင့်တွင် ပိုးတုံးလုံးများက အရွက်များကို စားသည်။

ဖျက်ဆီးမှုလက္ခဏာ

  • နေ့ပိုင်းတွင်အရွက်အောက်တွင် ခိုအောင်း ပြီး ညပိုင်းတွင် ဖျက်ဆီးသည်။ 

  • အရွက်ကိုက် ဖြတ်ရာများ၊ ပြတ်ကျနေသောအရွက် များကို တွေ့ရမည်။



စပါးရွက်လိပ်ပြာ ဘဝစက်ဝန်း

စပါးရွက်လိပ်ပြာ အရွယ်ရောက်ကောင်

source: IRRI

ဖျက်ပိုးကာကွယ်ရန် အလေ့အကျင့်ကောင်းများ

  • အလုပ်သမားရှိပါက ပိုးတုံးလုံးနှင့် ပိုးရုပ်ဖုံးများကို လက်ဖြင့် လိုက်လံ ကောက်ယူဖျက်ဆီးနိုင်သည်။

  • ခံနိုင်ရည်ရှိသောမျိုး မရှိသေးပါ

ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ

-ပင်လုံးပျံ့ပိုးသတ်ဆေးများ (Carbofurum/ Chlopyriphos/ Asitarmiprit/ Carbosulfan) တို့ကို လိုအပ်မှ အညွှန်းတိုင်းသုံးပါ။