logo

စပါးဖြတ်ပိုး

စပါးဖြတ်ပိုး

ဖျက်ပိုး၏ အင်္ဂလိပ်အမည် - Rice Cut Worm 

ဖျက်ပိုး၏ သိပ္ပံအမည်- Spodoptera litura

ကျရောက်သည့် အဆင့်

ပင်ပိုင်းကြီးထွားသည့်အဆင့်၊ ပန်းပွင့်သည့် အဆင့် ၊ အစေ့အသီးတည်သည့် အဆင့် တို့တွင် ပိုးတုံးလုံးများက အရွက်များကို ကိုက်ဖြတ် စားသောက် ဖျက်ဆီးသည်။

ဖျက်ဆီးမှုလက္ခဏာ

အရွက်များပြတ်နေခြင်း၊  ဆိုးဝါးစွာကျပါက အပင်ပါတ်လည်တွင် အရွက်ပြတ်များကျနေခြင်းတို့ကို တွေ့နိုင်သည်။

စပါးဖြတ်ပိုး ပိုးတုံးလုံး နှင့် ဖလံ ပုံ

စပါးဖြတ်ပိုး ဖလံကောင် ပုံ

ပိုးတုံးလုံးကြောင့် ပြတ်နေသည့် အရွက်များ

Source : IRRI

   

 

ဖျက်ပိုးကာကွယ်ရန်အလေ့အကျင့်ကောင်းများ

  • ဥ နှင့် ပိုးတုံးလုံး အဆင့်များကို ကပ်ပါးပြုသော ကပ်ပါးကောင်များသုံး၍ ပိုးဦးရေနဲသွားအောင်လုပ်နိုင်သည်။

  • -ဥကပ်ပါး- Telenomus remus

  • -ဥနှင့် ပိုးတုံးလုံးကပ်ပါး-Chelonus heliopae 

  • ပိုးတုံးလုံးကပ်ပါး- Larval parasitoids/Apanteles rufierus/ Campoletes chloridae/Hyposoter didymator တို့ကိုသုံး၍နှိမ်နင်းခြင်း

  • ဦးမှင်ရှည်နှံကောင်- Conocephlus Sp သည် ဤပိုး၏ဥများကို စားသောက်သည်။

ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ

  • Cypermethrin/ fenvalerate/endosulfan/Quinalphos/ monocrotophos/ methomyl တို့ကို နည်းလမ်းမှန်ကန်စွာ သုံးနိုင်သည်။