ဖျက်ပိုး၏ သိပ္ပံအမည်- Orseolia oryzae
ကျရောက်သည့်အဆင့်
ပျိုးပင်အဆင့်၊ ပင်ပိုင်း ကြီးထွား နေသောအဆင့် တို့တွင် အရွက်များ နှင့် ကြီးထွားမှတ် -growing points များတွင် ပိုးတုံးလုံးများက စားသောက် ဖျက်ဆီးသည်။
ဖျက်ဆီးမှုလက္ခဏာ
ကြီးထွားနေသောစပါးပင်များတွင် ကြက်သွန်မြိတ် ကဲ့သို့ လက္ခဏာ နှင့် အဖုများကို ထင်ရှားစွာတွေနိုင်သည်။
ငွေရောင်တောက်ပနေသော အညွန့်အတက် များ ကိုလည်း တွေ့ရသည်။
စပါးကြက်သွန်မြိတ်ပိုး ၏ ဘဝ စက်ဝန်း |
ငွေရောင်တောက်နေသော စပါးပင်၏ အညွန့်အတက်များ |
source: Fertilizer India. Source : IRRI
ဖျက်ပိုးကာကွယ်ရန်အလေ့အကျင့်ကောင်းများ
ရေလွှမ်းပေးခြင်း ၊ စပါးခင်းမှ ရေထုတ်ပေးခြင်း
စိုက်ပျိုးသည့်နေ့ ထိန်းချုပ်စိုက်ပျိုးခြင်း
မြေလှပ်ပေးခြင်း
Nitrogen နှင့် Potassium မြေသြဇာများလျှော့ကျွေးခြင်း
စောစီးစွာရင့်သည့်မျိုးများစိုက်ခြင်း
အလင်းထောင်ခြောက်သုံး၍ အကောင်ကြီးများလျော့နည်းစေခြင်း
ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ
Diazinon granules (စိုက်ပြီး ၁၄-၂၈ ရက် အတွင်း အခင်းတွင်ဖြူးပေးရန်)
Chlorpyrifos/ Isofenphos (မျိုးစေ့စိမ်ဆေး)
Ethoprophos- ရွှေ့ပြောင်းစိုက်ပြီး ရက် ၃၀ အတွင်း အသုံးပြုပြီး အောင်မြင်စွာ ကာကွယ်နိုင်သည်
Carbofurum EC 0.45-0.6 Kg/ha ( ပင်လုံးပျံ့ ပိုးသတ်ဆေး)
ထိသေစားသေ ပိုးသတ်ဆေးများကို အညွှန်းတိုင်းသုံးပါ။
Azinphos-methyl WP 0.3-0.5 Kg /ha
Diazinon EC 1.5 Kg / ha
Mephosfolan granules 0.5-1 Kg /ha
Phorate granules 1.0- 2.1 Kg/ ha
Organophospahte ပိုးသတ်ဆေးများ ဖြင့်လည်း ကာကွယ်နှိမ်နင်းနိုင်သည်။
Phosphamidon EC 0.4-0.5 Kg/ ha
Salithion gramules 0.5-1.0 Kg/ ha
Fenitrothion+cynofenphos EC 1.15 Lit/ ha