ဖျက်ပိုး၏ သိပ္ပံအမည်- Panara guttatus
လိပ်ပြာမျိုးရင်းဝင် ပိုးများဖြစ်သည်။
အဓိကလက်ခံပင်ဖြစ်သော စပါး၊ ကြံ၊ ဝါး နှင့် မြက်မျိုးများတွင် ကျရောက်တတ်သည်။
ကျရောက်သောအဆင့်နှင့် ဖျက်ဆီးပုံ
ပင်ပိုင်းကြီးထွားနေသော အဆင့်တွင် အများဆုံး ကျရောက်ဖျက်ဆီးတတ်သည်။
ပိုးတုံးလုံးများက အရွက်များကို ခြစ်စားသည်။
ဖျက်ဆီးမှုလက္ခဏာ
ပိုးတုံးလုံးများအရွယ်ကြီးလာလျှင် အရွက်၏ တစ်ရှူးသားများကို သိသိသာသာ ခြစ်စားထားသည်။
အရွက်များကြွေကျနေတတ်သည်။
ရွက်ကပ်ပိုး၏ ဘဝ စက်ဝန်း |
ပိုးတုံးလုံး ကအရွက်များကို ခြစ်စားပုံ |
ရွက်ကပ်ပိုး လိပ်ပြာပုံ |
Source : Ento 331 |
source : Plantix |
source : IRRI |
ခံနိုင်ရည်ရှိသော မျိုးများ
ပင်ပွား အထွက်များသော မျိုးများကို စိုက်ပါ
ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ
Economic Threshold
ဒုတိယ နှင့် တတိယ အဆင့် ပိုးတုံးလုံး ၃၆ ကောင်ကို ကောက်ပင်ရုံ ၁၀၀တွင် တွေ့ရှိပါကလည်းကောင်း
စပါးခင်းနို့ရည်ခဲစအချိန်တွင် ပိုးတုံးလုံး ၂၅ ကောင်ကို ကောက်ပင်ရုံ ၁၀၀တွင် တွေ့ရှိပါကလည်းကောင်း အင်းဆက်ပိုးသတ်ဆေးများသုံး၍ ကာကွယ်နိုင်သည်။
ထောက်ခံထားသော ထိသေစားသေ ပိုးသတ်ဆေးများကို သတ်မှတ်နှုန်းအတိုင်း အသုံးပြုပါ။
Azinphos-methyl 0.3-0.5 Kg/ha
Cartap 0.8 Kg/ha
Dichlorvos 0.4-0.6 Kg/ha
Pyridaphenthion (MTMC fine granules)