logo

ကန်ဖော်ခြင်း

ကန်ဖော်ခြင်း
  • မွေးမြူရေးစနစ်၊ အစာကျွေးနှုန်းတို့အပေါ်မူတည်၍ ငါးများကြီးထွားကြပြီး စတင်မွေးမြူပြီး ၅-၆ လအကြာတွင် ငါးအလေးချိန် ၃၀၀-၇၀၀ ဂရမ်အရွယ်ရောက်ရှိနိုင်သောကြောင့် ငါးများကို တစ်ကြိမ်ထဲအပြီး ကန်ဖော်နိုင် သည်။
  • ကန်မဖော်ခင် ၁-၂ ရက်အလိုတွင် အစာကျွေးခြင်းရပ်တန့်ခြင်းသည် ရေအရည်အသွေး၊ ကိုင်တွယ်နေစဉ်အတွင်း ငါးအရည်အသွေးနှင့် ရှင်သန်မှုများကောင်းမွန်စေသည်။

  • ကန်ဖော်နေစဉ် ငါးများဖိအားလျော့နည်းစေရန် ကန်ရေများနေပါက ရေထုတ်ပေးရမည်။ ရေအပူချိန်နည်းပါက မနက်စောစော (သို့) နေ့လည်နောက်ပိုင်းတွင် ကန်ဖော်ပါ။

  • ကန်ဖော်ရာတွင် လိုအပ်သောပစ္စည်းများကို အသင့်ပြင်ဆင်ထားသင့်ပြီး လိုအပ်မည့်ရေခဲပမာဏနှင့် သယ်ယူပို့ ဆောင်မည့်ယာဉ်တို့ကိုလည်း ကြိုတင်စီစဉ်ထားသင့်သည်။

  • ငါးဖမ်းပိုက်အရွယ်အစားသည် ငါးကန်၏အရွယ်အစားနှင့် သင့်တော်ရမည်။ 

  • ငါးကန်အတွင်းရှိငါးများအားလုံးကို ထိရောက်စွာကန်ဖော်နိုင်ရန် ပိုက်ကွန်၏ အခြေရှိကြိုးကို ‌လေးလံသော အရာတစ်ခုခုကို တပ်ဆင်သင့်သည်။

  • ငါးများလတ်ဆတ်မှုရှိစေရန်အတွက် ‌ဈေးကွက်သို့အချိန်မီရောက်ရှိရန်လိုအပ်သည်။ ဝယ်ယူသူသည် ငါးကန်တွင် လာရောက်ဝယ်ယူပါက သူတို့အား အချိန်မီရောက်ရှိရန် ကြိုတင်ပြောထားသင့်သည်။