logo

ငါးကန်များအား ကြည့်ရှု့စစ်ဆေးခြင်း

ငါးကန်များအား ကြည့်ရှု့စစ်ဆေးခြင်း

  • မနက်ခင်းတွင် ကန်ရေမျက်နှာပြင်ကျ/မကျ၊ ရေများစိမ့်ထွက်ခြင်းရှိ/မရှိ၊ စစ်ဆေးပါ။
  • မနက် ၈-၉ နာရီခန့်တွင် အောက်ဆီဂျင်နှင့် ရေချဉ်ငန်ဓာတ်နှင့် ရေအပူချိန်ကိုတိုင်းပါ။

  • ရေအရောင်ကို ရေကြည်နှုန်းတိုင်းကိရိယာ (Secchi disk) ဖြင့် စစ်ဆေးနိုင်သည်။

  • ငါးများ၏ လှုပ်ရှာများ (ကူးခတ်သွားလာခြင်း၊ အစာစားခြင်း/အသက်ရှုခြင်း)၊ ငါးအသေများရှိ/မရှိ တို့ကိုလည်း စောင့်ကြည့်စစ်ဆေးရမည်။ 

  • ကန်ထဲတွင် ငါးရိုင်းများဝင်ရောက်ခြင်းကိုလည်း စစ်ဆေးကြည့်ရှုရမည်။

  • နေ့ခင်းပိုင်း ၁:၃၀ နာရီတွင် ရေချဉ်ငန်ဓာတ်ကို တစ်ဖန်ပြန်၍တိုင်းတာပြီး အစာကျန်များရှိ/မရှိကိုလည်း စစ်ဆေးပါ။

  • ညနေစောင်းတွင် အစာကျန်များနှင့် ငါးများရေမျက်နှာပြင်ပေါ်သို့ တက်၍ အသက်ရှုခြင်း/ရှိမရှိတို့ကိုစစ်ဆေးပါ။

  • မိုးရာသီတွင် ငါးကန်တွင် ရေလျှံခြင်းဖြစ်ပေါ်လာပါက ငါးရိုင်းများဝင်ရောက်လာနိုင်ပြီး မွေးမြူထားသော တီလားပီးယားငါးများလည်း အပြင်ကို ခုန်ထွက်နိုင်သောကြောင့် ရေထွက်ပေါက်ကို သေချာစစ်ဆေးပါ။

  • ရာသီဥတုသတင်းများကို အမြဲနားထောင်ပြီး ထူးခြားသောဖြစ်စဉ်နှင့် ပြင်းထန်သောအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ပါ။