အစာပမာဏကို တိကျသေချာစွာကျွေးရမည်။ တစ်ခါတစ်ရံ ရာသီဥတုအခြေအနေအပေါ်မူတည်၍ အစာပမာဏ ကို ပြောင်းလဲရမည်။
ငါးများ ကျင့်သားရစေရန် ပုံမှန်အစာကျွေးသည့်နေရာနှင့် ပုံမှန်ကျွေးသည့်အချိန်ဖြစ်ရမည်။
ကန်ထဲရှိရေအပူချိန်သည် ၂၈-၃၂ ဒီဂရီစင်တီဂရိတ်ရှိပါက တစ်နေ့ကို နှစ်ကြိမ်ခွဲကျွေးရမည်။
မနက် ၈ နာရီမှ ၁၀ နာရီအတွင်း တစ်ကြိမ်နှင့် မွန်းလွဲပိုင်း နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအတွင်း တစ်ကြိမ်ခွဲ၍ ကျွေးရပါမည်။
နေသာသောနေ့များတွင် ငါးကန်ထဲရှိ ပျော်ဝင်သောအောက်ဆီဂျင်ပမာဏများသောကြောင့် အစာပိုကျွေးနိုင် သည်။
ရာသီဥတုမို့အုံ့နေချိန်၊ မြူမှိုင်းနေချိန်တွင် ရေထဲရှိအောက်ဆီဂျင်ပမာဏလျော့နည်းသောကြောင့် ပုံမှန်ထက်ပို၍ အစာကျွေးရန်မလိုပေ။
ငါးများသည် လေမရရှိသည့်အခါနှင့် မိုးထစ်ချုန်းရွာသည့်အခါတို့တွင် အစာစားချင်စိတ်ပျောက်ဆုံးပြီး အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု ရုတ်တရက်ဖြစ်ပေါ်လာပါက ကျွေးသည့်အစာပမာဏကိုလျှော့ချပါ (သို့) အစာကျွေးခြင်းကို ရပ်ထားသင့်သည်။
ငါးကန်ထဲရှိရေသည် အညိုရောင် (သို့) အစိမ်းရင့်ရောင်သို့ပြောင်းသွားပါက ဖြည့်စွက်စာကျွေးပြီး လိုအပ်သလို မြေဩဇာအတော်အသင့်သုံးပါ။
ငါးကန်သည် ကန်အောက်ခြေရှိဆွေးမြေ့ပျက်စီးနေသော ပစ္စည်းများနှင့် အကြွင်းအကျန်များစုပုံခြင်းမှ ပိုလျှံ သော အာဟာရဓာတ်များဖြင့် ရေဩဇာများ လိုအပ်သည်ထက်များနေပါက ကန်ရေသည် အစိမ်းရင့်ရောင် သို့ အနက်ရောင်သို့ပြောင်းခြင်း၊ ရေညှိအညစ်အကြေးများသည် ရေပေါ်တွင်ပေါ်နေခြင်း၊ ငါးများအားနည်းစွာ ကူးခတ်ခြင်း၊ အသက်ရှူကြပ်ခြင်းများ တွေ့ရမည်။
ထိုအခြေအနေတွင် အစာလျှော့ကျွေးရမည် (သို့) အစာကျွေးခြင်းကို ရပ်တန့်ပြီး ချက်ချင်း ရေဖြည့်ခြင်း၊ ရေတစ်ဝက်လှယ်ခြင်းများ ပြုလုပ်ပေးရမည်။
မနက်ပိုင်းနှင့်ညနေပိုင်းအစာကျွေးပြီးနောက် တစ်နာရီခန့်အစာကျွေးသည့်နေရာကို စစ်ဆေးပါ။
အစာကျွေးပြီး ၂-၃ နာရီအကြာတွင် အစာများစားပြီးသွားပါက အစာပမာဏတိုးကျွေးပေးရမည်။ အစာများ မစားပြီးသေးပါက အစာပမာဏလျော့ကျွေးပေးရမည်။
မည်သည့်အစာကိုကျွေးသည်ဖြစ်စေ ငါးများ၏ အစာစားသည့် အပြုအမူနှင့် လှုပ်ရှားမှုများကို စစ်ဆေးရမည်။
ငါး၏ ကျန်းမာရေး၊ ကြီးထွားမှုနှင့် အထွက်နှုန်းသည် ကျွေးသောအစာ၏ အရည်အသွေးအပေါ်တွင် မူတည်သည်။