ငါးသားပေါက်များထုတ်ပိုးရာတွင်-
ပထမဦးစွာ ပလပ်တစ်အိတ်အတွင်းသို့ ကန်ရေကြည်ရေသန့် ၂၀ ရာခိုင်နှုန်းဖြည့်ပါ။ အလျား ၇၀ စင်တီမီတာနှင့် အနံ ၃၀-၄၀ စင်တီမီတာဆိုဒ်ရှိသော ပလပ်စတစ်အိတ်ကိုအသုံးပြုကြသည်။
ငါးသားပေါက်အရေအတွက်ကို ချိန်တွယ်ရေတွက်၍ ပလပ်စတစ်အိတ်ထဲသို့ထည့်ပြီး အိတ်အတွင်းမှ သဘာဝ လေများကို ထုတ်ပစ်ပါ။
၎င်းနောက် ပလပ်စတစ်အိတ်ထဲသို့ အောက်ဆီဂျင် ၈၀ ရာခိုင်နှုန်းဖြည့်ပြီး သရေကွင်းဖြင့်တင်းကြပ်ခိုင်မြဲအောင် ချည်ပါ။
သယ်ယူမည့်ခရီးအကွာအဝေး၊ ငါးသားပေါက်အရွယ်အစား နှင့်ရေအပူချိန်တို့အပေါ်တွင် မူတည်၍ အိတ်တစ် အိတ်တွင်ထည့်သွင်းရမည့် ငါးသားပေါက်ပမာဏသည် ကွဲပြားသည်။
သယ်ယူရမည့်ခရီးတိုပြီး ရေအပူချိန်နိမ့်ပါက ငါးသားပေါက်အရွယ်ငယ်လေးများကို များများထည့်နိုင်သည်။
ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်တွင် ငါးသန်အရွယ်သားပေါက်အကောင်ရေ ၁၀၀၀၀-၁၅၀၀၀ ကို ကြာမြင့်ချိန် ၂၀ နာရီကျော်အထိထည့်သွင်းသယ်ဆောင်နိုင်သည်။
ပလပ်စတစ် တစ်အိတ်လျှင် ၁.၅ စင်တီမီတာရှိသော ငါးသားပေါက်များကို အကောင်ရေ ၃၅၀၀-၅၀၀၀ အထိ ထည့်သွင်းနိုင်ပြီး ၃ စင်တီမီတာအရွယ်ငါးသားပေါက်များကို အကောင်ရေ ၁၅၀၀-၂၀၀၀ ထည့်သွင်း သယ်ဆောင်နိုင်သည်။
ငါးသားပေါက်များသယ်ယူရာတွင် -
ငါးသားပေါက်များ stress ဖြစ်ပေါ်မှုကိုလျော့ချရန် အပူချိန်မြင့်မားသောအချိန်တွင် မသယ်ဆောင်သင့်ပါ။ အထူးသဖြင့် ပူသောရာသီတွင် ငါးသားပေါက်များကို မနက်ပိုင်း (သို့) ညနေပိုင်းတွင် သယ်ဆောင်ပါ။
ရေလမ်းကြောင်းဖြင့် သယ်ဆောင်နိုင်ပါက ပိုကောင်းသည်။
ပုံ (၂) ငါးသောက်ပေါက်သယ်ယူရန် ပြင်ဆင်ခြင်း (Source: The transport of live fish. A review)