ပျိုးခင်းအဆင့်- ပျိုးဘောင်အစိုဓါတ်ရှိနေသမျှ ကာလလုံးပျိုးခင်းကို ရေပြောင်ထားပါ။ ရေပြောင်ထားခြင်းသည် အမြစ်များ လေကောင်းစွာ ရ၍ အမြစ်ဖွံ့ဖြိုးကာ ပျိုးပင်များတိုတုတ်သန်မာသည်။ (အပင်ပေါက်ကာလ)
မစိုက်ပျိုးမီ အချိန်- စိုက်ခင်းအတွင်းမှ ရေကို အပြောင်ထုတ်ထားပေးခြင်းဖြင့် ရွှေ့ပြောင်းစိုက်ပျိုးခြင်း ဖြစ်စေ၊ တိုက်ရိုက် အစေ့ချစိုက်ပျိုးခြင်း အတွက် ဖြစ်စေ သင့်တော်သော မြေပြင်အခြေအနေကို ဖြစ်စေပါသည်။ (အပင်ပေါက်ကာလ)
ပင်ပိုင်းကြီးထွားချိန် နောက်ပိုင်း မှ ရင့်မှည့်ချိန်ကာလအတွင်း _ပင်ပိုင်းကြီးထွားသည့်ကာလ နောက်ပိုင်းမှ အနှံဖြစ်ထွန်းသည့်ကာလ အစောပိုင်း အတွင်း စိုက်ခင်းထဲမှရေ ကို တဖြေးဖြေးချင်း လျှော့သွားပေးပါ။ ဤသို့ပြုလုပ်ပေးခြင်းဖြင့် အမြစ်များပိုမို ဖွံ့ဖြိုးစေပြီး၊ အစေ့ဖြစ်ထွန်းချိန်တွင် ရေများနေခြင်းကို ကာကွယ်ပေးသည်။ (ပင်ပိုင်းကြီးထွားမှုကာလ ၊ ပန်းပွင့်ချိန်ကာလ နှင့် ရင့်မှည့်ချိန်ကာလ)
ရိတ်သိမ်းချိန်မတိုင်မီ - စိုက်ခင်းမရိတ်သိမ်းမှီ ၁ပါတ် မှ ၂ ပါတ်ခန့် ကြိုတင်၍ ရေကို အပြောင်ထုတ်ပေးခြင်းအားဖြင့် စပါးစေ့ အရည်အသွေးပိုမိုကောင်းမွန်စေပြီး ရိတ်သိမ်းခြင်း လုပ်ငန်းစဥ်ကိုလည်း လွယ်ကူအဆင်ပြေစေသည်။ (ရိတ်သိမ်းချိန်ကာလ)