logo

ရေသွင်းခြင်း

ရေသွင်းခြင်း

ပျိုးခင်းအဆင့် - ပျိုးမနှုတ်မီ မြေအခြေအနေအရ ၃ ရက်ခန့်ကြိုတင်ပြီး ပျိုးဘောင်များမြုပ်အောင် ရေသွင်းထားခြင်းဖြင့် ပျိုးနှုတ်ရ လွယ်ကူစေသည်။ ( အပင်ပေါက်ကာလ)

ပင်ပိုင်းကြီးထွားမှုကာလ(အစောပိုင်း) - ဤကာလတွင် စိုက်ခင်းအတွင်း သွင်းရေကို ၂ ပါတ်ခန့် ဖုံးလွှမ်းပေးထားခြင်းဖြင့် အပင်များ ကြီးထွားမှု ကို အထောက်အကူပြုကာ၊ အမြစ်များလည်းဖွံ့ဖြိုးစေသည်။ (ပင်ပိုင်းကြီးထွားမှုကာလ)

အနှံဖြစ်ပေါ်ချိန်မှ ပန်းပွင့်ချိန်အတွင်း - စပါးပင်များသည် ပန်းပွင့်ရန် နှင့် စပါးစေ့များကြီးထွားရန်အတွက် ရေပြတ်လပ်မှုကို လုံးဝခံနိုင်ရည်မရှိသဖြင့်  ဤကာလတွင် စိုက်ခင်းမြေအစိုဓါတ် မပြတ်မလပ် ရရှိစေရန်၊ ရေကို လိုအပ်သလိုသွင်းပေးပါ။ (ပန်းပွင့်ချိန်ကာလ)