logo

ပေါင်းမြက်နှိမ်နင်းခြင်း

 ပေါင်းမြက်နှိမ်နင်းခြင်း

ပေါင်းမြက် ဘာကြောင့် ရှင်းသင့်သလဲ (ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလ နှင့် ပင်ပိုင်းကြီးထွားမှုကာလ)

  • ပေါင်းမြက်များကြောင့် စပါးအထွက် သုံးချိုးတချိုး မှ ခေါက်ချိုး ထိကျဆင်းနိုင်သည်။

  • ပျိုးထောင်ကောက်စိုက်ခင်းတွင် ရေကိုမပြတ်ထားပြီးပေါင်းနှိမ်နင်းပါက စပါးမြစ်များ လေအလုံအလောက်မရသဖြင့် အမြစ်သန်စွမ်းမှုနည်းကာ အပင်ယိုင်လဲတတ်သည်၊

  • ကြဲခင်းများတွင် မျိုးစေ့နှုန်းထားများများသုံးပြီး ပေါင်းနှိမ်ခြင်းဖြင့် မျိုးစေ့ဖိုးပိုမို ကုန်ကျစေသည်။

  •  အပင်ဦးရေများလွန်းသဖြင့် အပင်အချင်းချင်း အာဟာရနှင့် အလင်းရောင်ကို လုယူစားသုံးရသောကြောင့် အနှံသေးကာ တနှံပါအစေ့အရအတွက်လည်း နည်းတတ်သည်။

  • ပေါင်းသတ်ဆေးသုံးပြီး နှိမ်နင်းမည်ဆိုပါက ဆေးညွှန်းအတိုင်းတိတိကျကျ မသုံးတတ်လျှင် ထိရောက်မှုမရှိပါ။ ပေါင်းသတ်ဆေးများကို နှစ်စဥ်ဆက်တိုက်သုံးပါက သဘာဝပတ်ဝန်းကျင်ထိခိုက်ပြီး မြေဆီလွှာများပျက်စီးဆုံးရှုံးစေပြီး မြေကြပ်ခြင်းများ ဖြစ်လာနိုင်သည်။