logo

မြေသြဇာကျွေးခြင်း (သဘာဝမြေဩဇာ)

မြေသြဇာကျွေးခြင်း (သဘာဝမြေဩဇာ)

စပါးပင်များ ကြီးထွားသန်စွမ်းပြီး အထွက်ကောင်းစေရန် သဘာဝမြေသြဇာ နှင့် ဓါတ်မြေသြဇာများကို အချိုးကျကျွေးပေးရမည်။ 

သဘာဝမြေသြဇာ (ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလ)

 

  • နွားချေး၊ ကြက်/ဝက်ချေး၊ သစ်ဆွေးနှင့် စက်ဖွဲပြာစသော သဘာဝမြေသြဇာကို မြေပြင်ချိန်တွင် ရနိုင်သမျှထည့်ပါ။

 

  • ရိုးပြတ်နှင့် ပေါင်းမြက် တို့ကိုလည်း မြေသားနှင့်သမအောင်ရောမွှေပြီး သမန်းပုတ်/ညက်သည်ထိ မြေပြင်ရပါမည်။

  • မြေပြုပြင်ချိန်တွင် သဘာဝမြေသြဇာများမှ ထွက်သည့် အာဟာရဓါတ်များ လေထဲကို ပျံ့လွင့်ဆုံးရှုံးမှု မရှိအောင် ပျိုးခင်း/ စိုက်ခင်းထဲတွင် ရေမပြတ်သွင်းထားသင့်သည်။

  • ကျွံသောမြေ၊ နီတို ဖြစ်လေ့ရှိသော လယ်မြေများတွင် စက်ဖွဲပြာတမျိုးထဲ များများထည့်ပါ။ ထုံး ၄-၆ အိတ်ထိထည့်ပါ။

  • မိုးစပါးအပြီးတွင် နွေစပါးအစား ပဲတမျိုးမျိုးကို သီးလှည့်စိုက်ပေးပါက မြေကျွံခြင်း ၊ နီတိုဖြစ်ခြင်းတို့ကို သက်သာစေပါသည်။