logo

မွေးမြူရေး မှတ်တမ်းထားရှိခြင်း

မွေးမြူရေး မှတ်တမ်းထားရှိခြင်း

  • တိုင်းရင်းကြက်မွေးမြူမည့်သူများသည် မွေးမြူရေးမှတ်တမ်းများထားရှိထားရန် လိုအပ်ပါသည်။
  • မွေးမြူရေးမှတ်တမ်းထားရှိခြင်းအားဖြင့် မိမိ၏ကြက်အုပ်ကို စနစ်တကျ စောင့်ကြည့်ကိုင်တွယ်နိုင်မည်။

  • ကြက်အုပ်၏ အစာစားနှုန်း၊ ကြီးထွားနှုန်း၊ ရောဂါကျရောက်မှု၊ ကာကွယ်ဆေးထိုးနှံမှု၊ သေဆုံးမှု၊ ကြက်ပျောက်ဆုံးမှု၊ ကြက်များ၏ အမူအကျင့် ပြောင်းလဲမှုများ၊ နေ့စဉ်ကုန်ကျစရိတ်များ၊ ရောင်းချမှုများကို နေ့စဉ်မှတ်တမ်းတင်ထားရမည်။

  • ထို့သို့ မှတ်တန်းတင်ထားခြင်းဖြင့် ကြက်တစ်အုပ်မွေးပြီးတိုင်း အလွယ်တကူ ပြန်လည်စစ်ဆေးကာ အားသာချက်၊ အားနည်း ချက်များကို ပြင်ဆင်ပြီး ပိုမိုကောင်းမွန်သော၊ စနစ်ကျသော မွေးမြူရေးကို ရေရှည်လုပ်ကိုင်နိုင်မည်။