logo

ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် ရောဂါ၊ ကပ်ပါးကောင်များ ကာကွယ်ထိန်းချုပ်ခြင်း

 ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် ရောဂါ၊ ကပ်ပါးကောင်များ ကာကွယ်ထိန်းချုပ်ခြင်း

  • ကူးစက်ရောဂါသည် ကြက်မွေးမြူရေးလုပ်ငန်းတွင် အဓိက အနှောင့်အယှက်ဖြစ်သည်။

  • ကူးစက်ရောဂါများကို ဖြစ်ပြီးမှ ကုသခြင်းထက် မဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးကုသနည်းဖြစ်သည်။

  • ထို့ကြောင့် မွေးမြူမည့်ကြက် ရွေးချယ်သည့်အချိန်ကတည်းကပင် ရောဂါကင်းရှင်းသည့်ဒေသများမှ ကျန်းမာသော ကြက် များကို ရွေးချယ်မွေးမြူရမည်။

  • သန့်ရှင်းသော အစားအစာနှင့် သောက်ရေများ၊ အစာခွက်၊ ရေခွက်များ ထားပေးထားရမည်။

  • ကြက်ခြံသန့်ရှင်းရေးကိုလည်း နေ့စဉ်အမြဲမပြတ်ဆောင်ရွက် ရမည်။

  • ကြက်ခြံသန့်ရှင်းရေးလုပ်ချိန်တွင် ကြက်ချေးအရောင်နှင့် ဖွဲ့စည်းမှုကို ကြည့်ရှုကာ ကျန်းမာရေးစစ်ဆေးနိုင်သည်။

  • ကြက်များ၏ ကျန်းမာရေးအခြေအနေကို အိပ်တန်းဝင်ချိန်၊ ထွက်ချိန်နှင့် အစာကျွေးချိန်တို့တွင် နေ့စဉ်စစ်ဆေးနိုင်သည်။

  • ကြက်များကို ပုံမှန် ကာကွယ်ဆေးထိုနှံခြင်းများ ဆောင်ရွက်ပေးရမည်။