ကြက်များသောက်သောရေသည် ၎င်းတို့စားသော အစာ၏ ၂ ဆဖြစ်သည်။ ပူပြင်းသော နွေရာသီများတွင် ၃-၄ ဆလောက်ထိ သောက်နိုင်ကြသည်။
ပထမပတ်ကြက်များ
ပထမပတ်ကြက်ကလေးများကို ပက်လက်ရေခွက်များဖြင့် ရေတိုက်နိုင်သည်။
ရေခွက်များအောက်တွင် သွပ်ပြား (သို့) သစ်သားပြားများ ခံထားပေးခြင်းဖြင့် ကြက်ချေးနှင့် အခင်းပစ္စည်းများ ရေခွက်အတွင်း ကျရောက်မှု နည်းစေကာ သောက်ရေ၏သန့်ရှင်းမှုကို ထိန်းပေးနိုင်သည်။
ပထမပတ်နောက်ပိုင်းကြက်များ
ပထမပတ်နောက်ပိုင်းကြက်များကို ရေတိုက်ရန် နှုတ်သီးခေါင်းဖြင့် ရေတိုက်စနစ် (သို့) ခေါင်းလောင်းပုံ ရေခွက်များကို ပက်လက်ရေခွက်များ မဖယ်ရှားမီ ရက်အနည်းငယ် ကတည်းပင် ကြိုတင်တပ်ဆင်ထားရမည်။
ရေခွက်များကို အစဉ်အမြဲ သန့်ရှင်းခြင်းနှင့် ရေပုံမှန်လဲပေးခြင်များ လုပ်ဆောင်ရမည်။