သဘာဝအတိုင်းလွှတ်ကျောင်းမွေးမြူသည့် ကြက်နှင့် ကြက်ဥများမှာ အာဟာရဓာတ်ပိုမိုပါဝင်ပြီး မွေးမြူရေးကြက်ဥများ ထက် ဈေးနှုန်းကောင်းမွန်သည်။
လွှတ်ကျောင်းမွေးမြူခြင်းဖြင့် ရရှိလာသော ကြက်ဥများသည် ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ လူကြိုက်များကြသည်။
လွှတ်ကျောင်းမွေးမြူသည့်အခါ ကြက်များလွတ်လပ်စွာ သွားလာနိုင်သော်လည်း သားရဲတိရစ္ဆာန်များစားသုံးခြင်း၊ ထိခိုက် ဒဏ်ရာရခြင်း၊ အဆိပ်ရှိသော အရာများစားသုံးမိခြင်း၊ သေဆုံးခြင်းများ ကြုံတွေ့နိုင်သည်။
ထို့အပြင် ကြက်များရှာဖွေစားသုံးသော အစာနှင့် ရေမှာ သန့်ရှင်းမှုရှိ၊ မရှိ သေချာစစ်ဆေးနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် လွှတ်ကြောင်းစနစ်ဖြင့် မွေးမြူမည်ဆိုလျှင် မြေကြီးတွင် ဓာတုမြေဩဇာ၊ ဓာတုပစ္စည်းများ ရှိ/မရှိ စစ်ဆေးရန်လို သည်။ ကြက်များကို တိုက်သည့်ရေမှာ အာဆင်းနစ်ဓာတ်၊ သတ္တုဓာတ်များ ပါ/ မပါ စစ်ဆေးရမည်။ အစာကိုလည်း ဓာတုအစာများ မဟုတ်ဘဲ သဘာဝအစာများဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ ပြောင်းဆံ စသည်တို့ ကျွေးရန်လိုသည်။
ထိုအချက်များကို စနစ်တကျ ပြင်ဆင်နိုင်ပါက လွှတ်ကျောင်းမွေးမြူခြင်းသည် တိုင်းရင်းကြက်မွေးမြူသူများအတွက် ထိရောက်ကာ အာဟာရဓာတ်ပြည့်ဝသော ကြက်ဥ၊ ကြက်သားများ ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ကြက်များကို လွှတ်ကျောင်းမွေးမြူခြင်း