logo

မျိုးကြက်မ၊ ဝပ်ကြက်မနှင့် မျိုးကြက်ဖ ရွေးချယ်ခြင်း

မျိုးကြက်မ၊ ဝပ်ကြက်မနှင့် မျိုးကြက်ဖ ရွေးချယ်ခြင်း
  • မျိုးကြက်မများ ရွေးချယ်သည့်အခါ တင်ပါးဆုံအရိုးကွင်းကျယ်ပြီး အရွယ်ရောက်ချိန်စောသော ကြက်မများကို ရွေးချယ်ရ မည်။
  • ဝပ်ကြက်မအဖြစ် ရွေးလျှင် အမွေးအတောင်ထူပြီး ဝပ်အားကောင်းကာ သားထိန်းကောင်းသော ကြက်မများကို ရွေးချယ်ရ မည်။  

  • ဥစား ကြက်မများကို ရွေးချယ်သည့်အခါ ဥခြားကာလတိုပြီး များများဥနိုင်သည့် ကြက်မများကို ရွေးချယ်ရမည်။ 

  • ရင်ညွန့်ရိုး၏ အနောက်စွန်းနှင့် တင်ပါးဆုံရိုးအကွာအဝေးမှာ လက် ၄ လုံး၊ တင်ပါးဆုံရိုးနှစ်ခုကြား လက် ၃ လုံးခြာ ကွာဝေး သော ကြက်မများသည် ဥနှုန်းကောင်းပြီး ဥ အရွယ်အစားကြီးသည်။ 

  • မျိုးကြက်ဖများကို ရွေးချယ်ရာတွင် ကြက်အုပ်စုတစ်ခုလုံးကို ထိန်းကျောင်းတတ်သည့် ကြက်ဖဖြစ်ရမည်။ 

  • ဥပမာ - အစာချကျွေးသည့်အခါ ကြက်မများကို ဦးစားပေးခြင်း၊ ကြက်မများ ရန်ဖြစ်လျှင် ဖျန်ဖြေပေးခြင်း စသည့် အမူအကျင့် ကောင်းသော ကြက်ဖဖြစ်ရမည်။ 

  Free photo closeup shot of a hen sitting on the grass with its chicken

သားထိန်းကောင်းသော ကြက်မများ (Source: Myanmar Village Chicken)