ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလ
မဲခေါင်ဒေသ နိုင်ငံများသည် စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်တင်ပို့သည့် နိုင်ငံများဖြစ်ကြသည်။
ဆန်စပါးသည် ကမ္ဘာ့လူဦးရေအားလုံး၏ ထက်ဝက်ကျော်အတွက်လည်း အခြေခံ စားသုံးသီးနှံဖြစ်ပြီး အာရှ၊ ဆာဟာရ အာဖရိကနှင့် တောင်အမေရိက ဒေသများတွင် ဆန်စပါး အများဆုံး စားသုံးကြသည်။
စပါးကို မြေအမျိုးအစား မျိုးစုံနှင့် ရာသီဥတု အမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း စပါးပင် ကြိုက်နှစ်သက်သည့် ရေ၊ မြေ၊ ရာသီဥတုအခြေအနေများ ရှိရန်လိုအပ်သည်။
မြေအမျိုးအစား၊ အပူချိန်၊ မိုးရွာသွန်းမှု၊ နေရောင်ရရှိမှု နှင့် နေ့တာအတိုအရှည် တို့အပေါ်မူတည်ပြီး တုံ့ပြန်မှုမတူညီသဖြင့် စပါးမျိုးအလိုက် အထွက်နှုန်းများလည်းကွာခြားနိုင်သည်။