ဒီစပါးပင်တွေ ဘာဖြစ်သွားတာလဲ။
စပါးရွက်လိပ်ရွက်ခေါက်ပိုးကျတာပါဗျ
၁) စပါးပင်ဦးရေ မထူထပ်စေရန် ဂရုစိုက်ပါ။ တိုက်ရိုက် စိုက်ခင်း တွင် ပြဿနာပိုရှိနိုင်သည်။
(၂) ရေကို ၂ရက်မှ ၃ရက်ခန့်ထိ ထုတ်ပစ်ပါက အကောင်ငယ် များ အောက်ဆီဂျင်ပြတ်၍ သေစေပါသည်။
(၃) ရေသွင်းပြီး ကင်းထောက်ခြင်းလုပ်ငန်းကို ဂရုစိုက်ပါ။
(၄) လယ်ကွက်သည် အရိပ်ရပြီး ဗွက်အိုင်ထူသော ပတ်ဝန်း ကျင် ရှိပါက ပွားများမှုမြန်သည်။
(၅) လိပ်နေသော အရွက်များထံသို့ ၎င်းရွက်လိပ်များ မလုပ် ခင် ချည်မျှင်နှင့်မတွယ်မီ ပိုးသတ်ဆေးရောက်ရှိရန်အတွက်၊ စနစ်ကျစွာ ဖျန်းရန်လိုအပ်ပါသည်။
(၆) အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ အိတ်ပေါ်ပါ အညွှန်းအတိုင်းပက်ဖျန်းပါ။
Chlorantraniliprole,Flubendiamide,Emamectinbenzoate,Spinosad,
Indoxacarb, Lambda cyhalotharin