အလူမီနမ် အဆိပ်သင့်ပါက Mg, Ca နှင့် P အာဟာရများပါ ချို့တဲ့ပြီး အရွက် အညွန့်များကြီးထွားမှု တုံ့နှေးစေသည်။ အပင်များ ရေပြတ်မှုကို ခံနိုင်ရည်မရှိဘဲ အပင်ဟော်မုန်းများမညီမျှမှုများဖြစ်ပေါ်စေသည်။
ဆည်ရေသွင်းစပါးတွင် အဖြစ်နည်းသည်။ အနိမ့်ပိုင်းလယ်စပါးများတွင်လည်း အချို့သော အခြေအနေတွင်သာ ဖြစ်ပေါ်သည်။
အချဥ်ဓါတ်များသော ယာစပါးခင်းများတွင်မူ အထွက်ကို များစွာ ထိခိုက်စေသည်။
Al ပါဝင်မှုမြင့်မားသည့် အချဥ်ပေါက်သောယာစပါးခင်းများ (AI အဆိပ်သင့်ခြင်းသည် Mn အဆိပ်သင့်ခြင်းနှင့် အတူတွဲ၍ ဖြစ်လေ့ရှိသည်)
pH 4 ထက်နိမ့်သော ရေလျှံကွင်းများ တွင် ( သံဓါတ် အဆိပ်သင့်မှုလက္ခဏာ ထက် စော၍ မြင်တွေ့ရသည်)
လက္ခဏာ
စပါးရွက်ကြောများအကြား ဝါညိုရောင် အရွက်များစတင် ဖြစ်ပေါ်ကာ စပါးတရွက်လုံးသို့ ပျံ့နှံ့သွားသည် ။ ပြင်းထန်ပါက ရွက်ဖျားများခြောက်ကာ အရောင်ပျက်သော အရွက်များသေဆုံးသွားသည်။ ခံနိုင်ရည်မရှိသော မျိုးများတွင် အပင်ပုညှက်ပြီး အမြစ်များ မူမမှန်တော့ပါ။
ပြုပြင်ရန်နည်းလမ်းများ
နီးစပ်သည့် စိုက်ပျိုးရေးဌာန နှင့်ဆက်သွယ်၍ အလူမီနမ် ခံနိုင်ရည်ရှိသောမျိုးများရွေးချယ်စိုက်ပျိုးခြင်း
မြေသြဇာများကို ညီမျှအောင်ကျွေးပေးခြင်း
စိုက်ကွက်ထဲရေသွင်းပြီးနောက် မြေချဥ်မှု လျော့နည်းလာရန် အချိန်အနည်းငယ်စောင့်၍ နောက်ကျစိုက်ပျိုးခြင်း
ဆီလီကွန်ဓါတ်ပြန်လည်ဖြည့်သွင်းပေးရန် ကောက်ရိုးနှင့် ပြာများထည့်ပေးခြင်း