မင်းဂနီးစ် အဆိပ်သင့်ပါက အပင်ဇီဝဖြစ်စဥ် (ဥပမာ- အင်ဇိုင်း နှင့် အော်ဂဲနစ်ကွန်ပေါင်းများဖြစ်ပေါ်ခြင်း) ကိုထိခိုက်သဖြင့် မျိုးမအောင်မှုကို ဖြစ်စေသည်။
ရေသွင်းစပါးနှင့် လယ်စပါးတို့တွင် တွေ့ရနည်းသည်။ အောက်ပါအခြေအနေတို့တွင် ဖြစ်ပေါ်လေ့ရှိသည်-
မြေချဥ်ငံကိန်း ၅.၅ ထက်နည်းသော အချဥ်ပေါက်ယာစပါးခင်းများတွင် မင်းဂနီးစ်(Mn) အဆိပ်သင့်ခြင်းသည် (Al) အလူမီနမ် အဆိပ်သင့်ခြင်းနှင့် အတူတွဲ၍ဖြစ်တတ်သည်
Mn ဓါတ်ပါဝင်မှုလွန်ကဲသော မြေနိမ့် လယ်ကွက်များ
အက်စစ် ဆာလဖိတ်မြေများ
Mn သတ္ထုမိုင်း သက်ရောက်ထားသော မြေများ
လက္ခဏာ
စပါးရွက်ကြောများအကြား ဝါညိုရောင် အကွက်များစတင် ဖြစ်ပေါ်ကာ စပါးတရွက်လုံးပျံ့နှံ့သွားသည်။ အောက်ပိုင်းရှိ ရွက်ဖုံး နှင့် ရွက်နားများပေါ်တွင် အညိုရောင်အကွက်များတွေ့ရသည်။ စိုက်ပြီး ၈ ပါတ်ခန့်တွင် ရွက်ဖျားများ ခြောက်သွားသည်။ ရွက်နုများ အစိမ်းနုရောင်မညီမညာ (chlorosis)ဖြစ်သည်။ အပင်ပုပြီး ၊ ပင်ပွားနည်းသည်။
ပြုပြင်ရန်နည်းလမ်းများ
မင်းဂနီးစ် အဆိပ်သင့်မှု သည် စပါးတွင် အဖြစ်နည်းသည့် အတွက် ဖြစ်နိုင်လျှင် အောက်ပါနည်းလမ်းများကိုသုံးပါ-
NPK (သို့) NPK နှင့် ထုံး ကို အချိုးမျှတစွာထည့်ပေးခြင်း
ပိုတက်စီယမ် ကို လုံလောက်အောင် ကျွေးပေးခြင်း
အချဥ်ပေါက်မြေများတွင် ထုံးထဲ့ပေးခြင်းဖြင့် Mn ဓါတ် ကိုလျှော့ကျစေသည်
ရေစီးစိမ့်မှုမကောင်းသောမြေများ၊ သစ်ဆွေးဓါတ်များသောမြေများတွင် ကောက်ရိုးနှင့်နွားချေးများ အလွန်အကျွံထည့်ခြင်းကို ရှောင်ရှားရမည်။
ကောက်ရိုးပြာများ စိုက်ကွက်တွင်းပြန်လည်ထဲ့သွင်းပေးခြင်းဖြင့် စီလီကွန် နှင့် ပိုတက်စီယမ် ကိုပြန်လည်ဖြည့်သွင်းပေးပါ။