ဘိုရွန်ချို့တဲ့လျှင် သကြားမှ ကစီဓါတ်ချက်လုပ်ခြင်း၊ ကာဘိုဟိုက်ဒြိတ်ဖြစ်ပေါ်ခြင်းကို အဓိက ထိခိုက်သည်။
စပါးခင်း အများစုတွင် အဖြစ်နည်းသော်လည်း၊ မြေတွင်းရေ၌ ဘိုရွန်ပါဝင်မှုမြင့်တက်လာတတ်သော ခြောက်သွေ့ ရာသီစိုက်စပါးခင်း များတွင်သာ ဖြစ်လေ့ရှိသည်။
လက္ခဏာ
စပါးရွက်ဟောင်းများး ထိပ်ဖျားပိုင်း နှင့် ရွက်နားသတ်တွင် အရောင်မညီခြင်းစတင်ဖြစ်ပေါ်သည်၊
၂-၃ ပါတ်အကြာတွင် အရောင်ပျက်နေသောနေရာများတွင် ဘဲဥပုံသဏ္ဍာန် အညိုရင့်ရောင် အစက်အပျောက်ဖြစ်ပေါ်ကာ အရွက်များ ခြောက်သွားသည်။
ပြုပြင်ရန်နည်းလမ်းများ
ဘိုရွန် အဆိပ်သင့်မှုခံနိုင်ရည်ရှိသောမျိုးများ ကိုစိုက်ပျိုးပါ (ဥပမာ- IR42, IR46, IR 48, IR54, IR 9884-54).
ဤမျိုးများသည် ခံနိုင်ရည်မရှိသောမျိုးများထက် တဟက်တာလျှင် ၂ တန်ခန့်ပိုထွက်ကြသည်။
သွင်းမည့်ရေတွင် ပါဝင်သော ဘိုရွန် ပမာဏကို မှန်မှန်တိုင်းတာသင့်သည်။ ဘိုရွန်ပါဝင်မှု နည်းလေ့ရှိသော မြေပေါ်တွင်းတိမ်မှ ရေကိုသွင်းပါ။
အခြောက်ထယ်ရေးထိုးပေးခြင်းဖြင့် ဘိုရွန်ဓါတ်များ မြေပေါ်တွင်စုနေကာ ရေနှင့်အတူ ဘိုရွန်ဓါတ်အချို့စီးဆင်း ထွက်သွားနိုင်သည်။