logo

ဆာလ်ဖိုဒ်အဆိပ်သင့်ခြင်း

ဆာလ်ဖိုဒ်အဆိပ်သင့်ခြင်း

ဆာလ်ဖိုဒ်အဆိပ်သင့်လျှင် အမြစ်များအသက်မရှုနိုင်ဘဲ အပင်၏ ဇီဝကမ္မဖြစ်စဥ်ကိုထိခိုက်သည်။ စပါးခင်းအများစုတွင် တွေ့ရနည်းပါးသော်လည်း သံဓါတ်ချို့တဲ့ပါက ဖြစ်တတ်သည်။ သဲဆန်လွန်းသောမြေ၊ ပျက်စီးနေသောမြေ၊ ရေကောင်းစွာ မဆင်းနိုင်သော အော်ဂဲနစ်မြေ နှင့် acid sulphate မြေများတွင် ဖြစ်လေ့ရှိသည်။

လက္ခဏာ

ထွက်ခါစ အရွက်များ၏ ရွက်ကြောအရောင် မညီမညာဖြစ်ကာ၊ စပါးပင် အမြစ်များကြမ်းတမ်း၊  စုစည်းမှုမရှိဘဲ အနက်ရောင်ဖြစ်ကာ မဲပုတ် နံစော်နေသည်။

ပြုပြင်ရန်နည်းလမ်း

ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ ( နီးစပ်ရာ စိုက်ပျိုးရေးဌာနနှင့် ဆက်သွယ်ပါ)

စိုက်ကွက်တွင်း ရေကို အမြဲသွင်းထားခြင်းကိုရှောင်ကျဥ်ပါ။ အချိန်ခြား၍ ရေသွင်းရေထုတ်လုပ်ပေးပါ။

ရိတ်သိမ်းပြီး မြေလှပ်ထားချိန်တွင် အခြောက်ထယ်ရေး ထိုးထားပေးခြင်းဖြင့် သံဓါတ် Fe Oxidation ကိုတိုးပွားစေသည်။

NPK (သို့) NPK နှင့် ထုံး ကို မျှတအောင်ထဲ့ပေးခြင်းဖြင့် အမြစ်များအတွက် အောက်စီဂျင်ပိုမိုရရှိစေသည်

Potassium (K) ကို လုံလောက်အောင်ထဲ့သွင်းပေးပါ

ရေစိမ့်ဝင်စီးဆင်းမှုညံ့သော မြေကွက်များ၊ organic matter များသောအကွက်၊ သံဓါတ်များသော အကွက်များတွင် သစ်ဆွေးနှင့် တိရစ္တာန် စွန့်ပစ်ပစ္စည်း များ(organic matter) အလွန်အကျွံထည့်သွင်းခြင်းကို ရှောင်ပါ။