ဆည်ရေသောက်စပါးများတွင် ဘိုရွန်ချို့တဲ့မှုအလွန်နည်းပါးသည်။ သို့ရာတွင် ရာသီဥတုဒဏ်ဆိုးရွားစွာခံထားရသည့် အချဥ်ပေါက်မြေနီသဲဝန်းများ၊ ပင်လယ်နုံး များမှဖြစ်သော လယ်ကွက်များ၊ သစ်ဆွေးဓါတ်ကြွယ်ဝလွန်းသောမြေများ တွင် တွေ့ရသည်။ ဘိုရွန်ချို့တဲ့လျှင် ဆဲလ်နံရံများ၏ ဇီဝကမ္မဖြစ်စဥ်ကို နှောင့်ယှက်သဖြင့် အပင်ပုခြင်း၊ ထိပ်ဖျားများသေခြင်း၊ အရောင်ပျက်ခြင်း၊ အရွက်လိပ်ခြင်းများဖြစ်ပေါ်တတ်သည်။
လက္ခဏာများ
အပင်အရပ်ပုပြီး၊ ထွက်ရှိလာသော ရွက်နုများ အဖြူရောင်လိပ်နေပြီး ထုံးဓါတ်ချို့တဲ့သကဲ့သို့ တွေ့ရသည်။ ချို့တဲ့မှု ဆိုးရွားလျှင် ကြီးထွားစဥ် အပင်သေဆုံးနိုင်သော်လည်း ပင်ပွားများ ဆက်ထွက်နေသည်။
ပြုပြင်ရန်နည်းလမ်း
Borax ဆေးမှုန့်ကို ၁ ဟက်တာ လျှင် ၁၀ Kg နှုန်း ထည့်သွင်းခြင်း ၊ မစိုက်ပျိုးမှီ ကြဲပက်၍ မြေနှင့်ရောနှောပေးရန်။
ရွက်ဖြန်းဆေး - Boric acid ၀.၃ % ( 3 gm/ lit) နှုန်း ဖြင့် ၁၅ ရက်စီခြားပြီး ၂ ကြိမ် ပက်ဖြန်းပေးပါ။