မင်းဂနီးစ်ဓါတ် ချို့တဲ့ပါက အစာချက်လုပ်မှုနှင့် ပရိုတင်းဖြစ်ပေ့ါမှုကို နှောက်ယှက်သည်။ မင်းဂနီးစ်ဓါတ် ချို့တဲ့မှုသည် ဖေါ့စပရပ်ဓါတ်ချို့တဲ့မှု နှင့်အတူတွဲ၍ ဖြစ်လေ့ရှိသည်။
ရေဖုံးလွှမ်းနေသောအခြအနေတွင် အပင်မှစုတ်ယူန်ုင်သည့် Mn ဓါတ်များပြားတတ်သောကြောင့် မင်းဂနီးစ်ဓါတ် ချို့တဲ့ခြင်းကို ဆည်ရေသောက် နှင့် မိုးကောင်းသောက်လယ်များတွင် တွေ့ရနည်းသည်။
တောင်ယာ စပါးခင်းများတွင် အများအားဖြင့် တွေ့ရသည်။ အထူးအဖြင့် မြေချဥ်ပေါက်နေသော တောင်ယာစပါးခင်းများ၊ အော်ဂဲနစ်ပစ္စည်း ပါဝင်မှုနည်း၍ အယ်ကာလီပေါက်သော (မြေငံ) များ၊ သံဓါတ်ပါဝင်မှုအလွန်များသော လယ်မြေများတွင် မင်းဂနီးစ်ဓါတ် ချို့တဲ့ခြင်းဖြစ်တတ်သည်။ အပင်ကြီးထွားမှု အဆင့်တလျှောက်လုံး တွင် ဆိုးဝါးစွာ ဖြစ်ပေါ်နိုင်သည်။
Mn ချို့တဲ့သော အပင်များသည် ရွက်ညိုပျောက် ရောဂါဝင်ရောက်ရန်လွယ်ကူသည်။ Mn ချို့တဲ့ပါက Phosporous ပါ အတူတွဲ၍ ချို့တဲ့လေ့ရှိသည်။
လက္ခဏာများ
ပင်ပွားနေသော်လည်း အပင်ပုနေသည်။ ရွက်ထိပ်ဖျားမှ ရွက်ခြေသို့ အရောင်မညီအစင်းများ ရွက်ကြောတလျှောက် ဖြစ်ပေါ်ပြီးနောက် ဆက်လက်၍ အညိုရင့်ရောင် အစက်များဖြစ်ပေါ်ကာ ၊ အရွက်များမှာ အညိုရင့်ရောင် ဖြစ်သွားသည်။ ရွက်နုများ ကျဥ်း ၍ တိုပြီး အစိမ်းရောင် ဖျော့နေသည်။
ပြုပြင်ရန်နည်းလမ်း
မင်းဂနီးစ်ဓါတ်ချို့တဲ့မှုမဖြစ်စေရန် လယ်ယာထွက်စွန့်ပစ်သစ်ဆွေးများ နှင့် ကောက်ရိုးများ ကို ရောနှော ၍ဖြစ်စေ ၊ မီးရှို့၍ဖြစ်စေ ထဲ့သွင်းပေးရမည်။
ဓါတ်မြေသြဇာထည့်သွင်းရာတွင် ယူရီးယား အစား ၊ အက်စစ်ဓါတ်ပိုမို ဖြစ်ပေါ်စေသော Ammonia sulfate [(NH4)2SO4] ကဲ့သို့ မြေသြဇာကို ပြောင်းလဲထည့်သွင်းပေးပါ။