သံဓါတ်ချို့တဲ့လျှင် အစာချက်လုပ်မှုကို ထိခိုက်သဖြင့် အပင်ကျုံလှီကာ အထွက်နှုန်းကိုများစွာ ထိခိုက်နိုင်သည်။
သံဓါတ်ချို့တဲ့ခြင်းသည် ရေသွင်းစပါးခင်းများတွင် တွေ့ရခဲသည်။ စပါးပင်၏သက်တမ်းတလျှောက် မည်သည့်အရွယ်တွင် မဆို ဖြစ်နိုင်သည်။ အငံဓါတ်များသော မြေများနှင့် ထုံးပေါက်သော ယာစပါးခင်းများတွင် အဖြစ်များကာ အထွက်နှုန်းကိုများစွာ ထိခိုက်စေသည်။
လက္ခဏာများ
အရွက်နုများ၏ ရွက်ကြောများအကြားတွင် အဝါရောင်သန်းလာပြီး ရောင်မညီကွက်များဖြစ်လာသည်။ အရွက်တခုလုံး အရောင်မညီဖြစ်လာကာ ဖြူဖျော့သွားသည်။ သံဓါတ်ချို့တဲ့မှုပြင်းထန်ပါက တပင်လုံးအရာင်ဖြူဖျော့ကာ သေဆုံးသွားသည်။
သံဓါတ်ချို့တဲ့မှု သေချာစေရန် မြေဆီလွှာ နှင့် အပင်နမူနာကို နီးစပ်ရာစိုက်ပျိုးရေးဌာနရှိ ဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးနိုင်သည်။
ပြုပြင်ရန်နည်းလမ်း
သံဓါတ် ခံနိုင်ရည်ရှိသော စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပါ (သက်ဆိုင်ရာ စိုက်ပျိုးရေးဌာန နှင့် ဆက်သွယ်စုံစမ်းကာ သင့်တော်သောမျိုးကို ရွေးချယ်ပါ)
အော်ဂဲနစ်ပစ္စည်းများ ( အပင်အကြွင်းအကျန်များ၊ တိရိစ္တာန်စွန့်ပစ်အညစ်အမကြေးများ) ကို စုဆောင်းထဲ့သွင်းပါ
မြေချဥ်ငံကိန်းမြင့်သော မြေများတွင် အက်ဆစ်ဓါတ်ဖြစ်ပေါ်စေသော ဓါတ်မြေသြဇာများကို သုံးပါ (ဥပမာ -ယူရီးယား အစား အမိုနီယမ်ဆာလဖိတ် ကို သုံးပါ)
အနည်းလိုအာဟာရ အဖြစ် သံဓါတ် (Fe) ပါဝင်ထဲ့သွင့်ထားသော မြေသြဇာကို ရွေးချယ်သုံးပါ