ဇင့်ချို့တဲ့လျှင် အပင်၏ ဇီဝ-ဓါတုဖြစ်စဥ် (Biochemical processes) ကို ထိခိုက်စေကာ အပင်ကြီးထွားမှုနှောင့်နှေးစေသည်။ ဇင့် ချို့တဲ့မှုသည် ဆာလဖာ ချို့တဲ့မှုနှင့် အတူတကွ ဖြစ်ပေါ်လေ့ရှိသည်။
ဇင့်ချို့တဲ့ရသည့် အကြောင်းများစွာရှိသော်လည်း စပါးမျိုးသစ်များစိုက်ပျိုးလာခြင်း၊ သီးနှံများဆက်တိုက်စိုက်ပျိုးခြင်း နှင့်အတူ စပါးသီးနှံတွင် ဇင့်ဓါတ်ချို့တဲ့မှုမှာ အဖြစ်များလာသည်။ အထူးသဖြင့် မြေချဥ်ငံကိန်းမြင့်သော စိုက်ကွက်များ (pH 7ခန့်) နှင့် ထုံးကိုအလွန်အကျွံထည့်သော အကွက်များတွင် အဖြစ်များသည်။
လက္ခဏာများ
အောက်ပါ ချို့တဲ့မှုလက္ခဏာများကို ရွှေ့ပြောင်းစိုက်ပျိုးပြီး ၂ ပါတ် မှ ၄ ပါတ်အတွင်း တွေ့ရသည်။
အပင်များပုညှက်နေပြီး အရွက်ဟောင်းများ အပေါ်တွင် အညိုရောင်အစွန်းကွက်နှင့် အစင်းများဖြစ်သည်။
အရွက်နုများ၏ အောက်ခြေပိုင်း အလယ်ကျောရိုးပေါ်တွင် အစိမ်းရောင်မညီကွက်များတွေ့ရသည်။ အပင်ပုပြီး အပင်ပွားနည်းကာ စိုက်ခင်းထဲတွင် အကွက်လိုက် အပင်ရုံများ ကြီးထွားမှုမညီမညာ ဖြစ်နေကာ ရင့်မှည့်မှု နှောင့်နှေးသည်။ အနှံစေ့များအောင်မြင်မှုနည်းသည်။ ရွက်ပြားအရွယ်အစားသေးငယ်ပြီး တခါတရံ ရွက်လယ်ကြော တလျှောက် အဖြူရောင် အစင်းတွေ့ရသည်။
ပြုပြင်ရန် နည်းလမ်းများ
ဇင့်ဆာလဖိတ် (ZnSO4 ) အမှုန့် ကို တဟက်လျှင် ၂၅ Kg နှုန်း ဖြင့် ထည့်သွင်းပါ။
ရွက်ဖြန်းမြေသြဇာ အဖြစ် 0.5 % ZnSO4 ( ၅ ဂရမ် / လီတာ) ကို ၁၅ ရက်ခြား ၍ ၂ ကြိမ် ပက်ဖြန်းပေးပါ