logo

ကယ်လစီယမ်ဓါတ်ချို့တဲ့ခြင်း (Ca)

ကယ်လစီယမ်ဓါတ်ချို့တဲ့ခြင်း (Ca)

Ca ဓါတ်ချို့တဲ့လျှင် အမြစ်၏လုပ်ငန်းစဥ်များကို ထိခိုက်စေသဖြင့် အပင်ကို သံဓါတ်အဆိပ်သင့်မှု ဖြစ်ပေါ်စေသည်။ လယ်စပါး တွင် ဖြစ်ပွားမှုအလွန်နည်းပါးသည်။ တောင်ယာစပါးတွင် အဖြစ်များသည်။ Ca ချို့တဲ့မှုဖြစ်နိုင်သော အကြောင်းရင်းများမှာ-

မြေဆီလွှာတွင်းစုပ်ယူနိုင်သော Ca ဓါတ်အလွန်နည်းခြင်း ( သဲဆန်သောမြေ၊ အက်စစ်ပေါက်သောမြေ၊ အလွန်ပျက်စီးနေသာ မြေဆီလွှာများ)

ရေသွင်းစပါးကို နှစ်ရှည် ဆက်တိုက်စိုက်ပျိုးခြင်း

N (သို့) K မြေသြဇာ အလွန်အကျွံသုံးခြင်း

မြေငံများတွင် P မြေသြဇာ အလွန်အကျွံကျွေးခြင်းကြောင့် Ca Phosphate ဖြစ်ကာ အပင်မှ Ca ကို မစုပ်ယူနိုင်ခြင်း

Ca ချို့တဲ့မှုသည် အလွန်ပြင်းထန်မှသာ လက္ခဏာများကို မြင်တွေ့ရလေ့ရှိသည်။

လက္ခဏာ

 

ချို့တဲ့မှု မဆိုးရွားလျှင် စပါးပင်သည် ခပ်ပါးပါးဖြစ်နေသည်။ ဆိုးရွားလာပါက အပေါ်အရွက်များ ဖြူလိပ်ပြီး တွန့်လိမ်ကွေးနေသည်။ အရွက်ဟောင်းများ၏ရွက်လယ်ကြောတလျှောက်တွင် ရောင်မညီကွက်များဖြစ်လာပြီးနောက် တဖြေးဖြေးအရွက်များ အညိုရောင်ပြောင်းကာသေဆုံးသည်။ ကယ်လဆီယမ်လိုအပ်မှုများလာပါက အပင်အရပ်ပုကာ အပင်ကြီးထွားမှု ရပ်တန့်ပြီး သေဆုံးသည်။ 

ပြုပြင်ရန် နည်းလမ်းများ

မြေဆီလွှာ အတွင်းမှ ကယ်လဆီယမ် ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် သစ်ပင်အမှိုက်သရိုက် မြေဆွေးများနှင့် ရိုးပြတ်များကို ထယ်ထိုးမြေမြှုပ်ခြင်း ၊ မီးရှို့ ထဲ့သွင်းခြင်းပြုလုပ်ပါ

ရရှိနိုင်ပါက Single Superphosphate (13−20% Ca) (သို့)  triple superphosphate (9−14% Ca) ကိုထည့်သွင်းပေးပါ။