logo

ဖေ့ါစပရပ်ဓါတ်ချို့တဲ့ခြင်း (P)

ဖေ့ါစပရပ်ဓါတ်ချို့တဲ့ခြင်း (P)

ဖေါ့စပရပ်ဓါတ်ချို့တဲ့မှုကို စပါးစိုက်ပျိုးသည့်ဒေသတိုင်းတွင် ကျယ်ပြန့်စွာတွေ့ရသည်။ အထူးသဖြင့် အချဥ်ပေါက်သော ယာစပါးခင်းများတွင် မြေဆီလွှာတွင်းမှ P ဓါတ်ကိုထိမ်းချုပ်မှုများသဖြင့် အပင်ကြီးထွားမှုကို အထူးထိခိုက်စေသည်။ P ဓါတ်ချို့တဲ့မှုကြောင့် အပင်ပွားမှု၊ အမြစ်ဖွံ့ဖြိုးမှု၊ အနှံထွက်နောက်ကျခြင်း၊ ရင့်မှည့်မှုနောက်ကျခြင်းများဖြစ်စေသည်။

လက္ခဏာ

အပင်မကြီးထွားဘဲ ပင်ပွားလည်းနည်းသည်။ အရွက်များ အစိမ်းရင့်ရောင်ဖြစ်ပြီး ကျဥ်း၊ တို ၊ ထောင်မတ်သည်။ ရွက်နုများကျန်းမာသော်လည်း ရွက်ဟောင်းများ အညိုရောင်ပြောင်းသွားသည်။ စပါးမျိုးကိုလိုက်၍ အနီရောင် (သို့မဟုတ်) ပန်းရောင် အဖြစ်ပြောင်းကာ အရွက်ပေါ်၌ amthocyanin pigment များထုတ်ပေးသည်။ Amthocyanin ဆိုသည်မှာ အနီ၊ ခရမ်း နှင့် အပြာရောင်များပါဝင်သည့် ရေတွင်ပျော်ဝင်သော ဘုံမြင့်ပင်များ၏ ဆဲလ်၌ပါဝင်သည့် အင်းဆက် နှင့် ငှက်များကို ဆွဲဆောင်ပေးသည့်ဓါတ်တမျိုးဖြစ်သည်။

အရည်အသွေးကောင်း၊ အထွက်ကောင်းမျိုးစေ့ကိုသုံးပါ

အချဥ်ဓါတ်များသော ယာစပါးစိုက်ခင်းများတွင် P ကို စုပ်ယူမှု အားကောင်းသော စပါးမျိုးကို ရွေးချယ် စိုက်ပျိုးပါ။

စပါးပြီး စပါးစိုက်ပျိုးသော ဒေသများတွင် ရိတ်သိမ်းပြီး ၂ ပါတ်အတွင်း အခြောက်ထယ်ရေး တိမ်တိမ် (၁၀ စင်တီမီတာခန့်) ထိုးထားပါ။  မြေချဥ်ပေါက်ပြီး ၊ အာဟာရနည်းသော မိုးကောင်းသောက်လယ် နှင့် တောင်ယာ စပါးခင်းများတွင် မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နှင့် အခြား အနဲလို အာဟာရ များကိုပါ ၊ P ဓါတ်မဖြည့်တင်းမှီ ဦးစွာ ထည့်ထားရမည်၊

ကောက်ရိုး နှင့် ရိုးပြတ်များကို ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် ရေရှည်တွင် P ပါဝင်မှုကို မျှတစေသည်။

N နှင့် K မြေသြဇာများ နှင့် အနည်းလိုအာဟာရများကို သင့်တော်သည့်နှုန်းထားအတိုင်းကျွေးပေးပါ။

သစ်ဆွေးမြေသြဇာ နှင့် မြေဆွေး များကိုပါ P ဓါတ်မြေသြဇာနှင့်အတူ ထဲ့သွင်း၍ ရိတ်သိမ်းသီးနှံ နှင့်အတူဆုံးရှုံးသွားသော P ဓါတ်ကိုပြန်လည်ဖြည့်တင်းပေးပါ။