နိုက်တြိုဂျင်ချို့တဲ့မှုမှာ အာရှနိုင်ငံများတွင် အဖြစ်များဆုံးပြဿနာဖြစ်သည်။ အထူးသဖြင့် အထွက်တိုးစပါးမျိုးသစ်များကို အာဟာရဓါတ်များလုံလောက်စွာမထည့်သွင်းဘဲစိုက်ပျိုးခြင်းကြောင့်ဖြစ်သည်။
နိုက်တြိုဂျင်ဓါတ်ကို အထူးလိုအပ်သော အပင်ကြီးထွားမှုအဆင့်ဖြစ်သည့် ပင်ပွားထွက်ချိန် နှင့် အနှံစတင်ဖြစ်ထွန်းချိန် တို့တွင်ဖြစ်လေ့ရှိသည်။
လက္ခဏာ
စပါးပင်များ မကြီးထွားပါ။ ပင်ပွား အရေအတွက်နည်းသည်။ အရွက်ဟောင်းများ (သို့) တပင်လုံးစိမ်းဝါရောင်ဖြစ်နေပြီး အရွက်ထိပ်ဖျားများတွင် အစိမ်းရောင်ပျက်ခြင်းများ ဖြစ်ပေါ်သည်။ အရွက်ငယ်များစိမ်းနေသော်လည်း၊ အရွက်ဟောင်းများ ကျဥ်း၊ တို ၊ထောင်မတ်၍ စိမ်းဝါရောင် ဖြစ်ပေါ်သည်။ စိုက်ကွက်တခုလုံး အဝါရောင်ပြောင်းသွားနိုင်သည်။
နိုက်တြိုဂျင် အလွန်ချို့တဲ့ပါက အရွက်ဟောင်းများ ကောက်ရိုးရောင်ပြောင်း၍ သေဆုံးသွားစေသည်။
ပြုပြင်ရန်နည်းလမ်း
နိုက်တြိုဂျင် မြေသြဇာကို လုံလောက်အောင် ကျွေးပါ
နိုက်တြိုဂျင်ကို တုံ့ပြန်မှုနည်းသော မျိုးများတွင် ပမာဏများများ မကျွေးရပါ။ စပ်မျိုးစပါးများသည် ဒေသမျိုးများထက် နိုက်တြိုဂျင် ပိုမိုလိုအပ်သည်
မျိုးအလိုက်သင့်တော်သော ပင်ခြား တန်းခြားထားပေးပါ
အပင်ကြီးထွားမှု အဆင့် အလိုက် လိုအပ်ချိန်မှသာ N ကို သင့်တော်သည့် ပမာဏကျွေးပါ။
ရေသွင်းရေထုတ် စံနစ်တကျလုပ်ခြင်းဖြင့် ထည့်သွင်းထားသော နိုက်တြိုဂျင် မြေသြဇာများ ရေနှင့် အတူပါသွားပြီး ဆုံးရှုံးမှု မဖြစ်အောင် ဆောင်ရွက်ပါ၊
ပေါင်းပင်များသည် စပါးပင်အတွက် N ကိုလုယူစားသုံးသဖြင့် ပေါင်းနှိမ်နင်းခြင်းကို သေချာအောင်လုပ်ပါ။