logo

စပါးဆစ်ပိုး

စပါးဆစ်ပိုး

ပိုး၏အင်္ဂလိပ်အမည်- Rice Stem Borers 

ပိုး၏ သိပ္ပံအမည်_ Chilo suppressalis (Walker, 1863)

စပါးပြီး စပါးစိုက်ပျိုးသော ဒေသများတွင် ကျရောက်ဖျက်ဆီးမှု အလွန်များတတ်သည်။

ကျရောက်နိုင်သည့်အဆင့် နှင့် ဖျက်ဆီးပုံ -

 ပျိုးပင်အဆင့်၊ ကြီးထွားနေသောအဆင့်၊ ပန်းပွင့်သောအဆင့် တို့တွင်တပင်လုံးရှိ အရွက်များ၊ ပင်စည်များ၊ ကြီးထွားနေသော အပိုင်းများတွင် ပိုးတုံးလုံးများက ဝင်ရောက် စားသောက်ဖျက်ဆီးသည်။

ဖျက်ဆီးမှုလက္ခဏာ-

  • အပင်အလယ်ပိုင်းရှိ ကြီးထွားမည့် အညွန့်အတက် သေနေခြင်း Dead Heart ၊ - စပါးနှံမအောင်မြင်ဘဲ အနှံဖြူများဖြစ်ခြင်း-White Head

  • ပင်စည်ကျိုးကျနေခြင်း အရွက်များပုံပျက် နေခြင်းများ တွေ့ရသည်၊

ဆစ်ပိုး အရွယ်ရောက် ဖလံ နှင့်.    ပိုးတုံးလုံး 

A: Dead heart.           B: White head

ဆစ်ပိုးကျရောက်ဖျက်ဆီးခံရသော လက္ခဏာ

source : IRRI 

source: Plant Wise knowledge Bank

 

ဖျက်ပိုးကာကွယ်ရန်အလေ့အကျင့်ကောင်းများ

  • အပင်ပုပြီး သက်တမ်းတိုသော မျိုးကို စိုက်ခြင်း။

  • ပျိုးထောင်ချိန် နှင့် စိုက်ချိန်ကို ချင့်ချိန်၍ ပိုးအများအပြားကျချိန်နှင့် အနှံထွက်ခါနီးအချိန် မတိုက်ဆိုင်အောင်စိုက်ခြင်း။

  • ဥ အစုအဝေးကို လက်ဖြင့် ကောက်ယူဖျက်ဆီးခြင်း။

  • ဆစ်ပိုး၏ သဘာဝရန်သူ သားရဲ နှင့် ကပ်ပါးများ သုံးခြင်း

  • ဥကပ်ပါးများအနက် ကပ်ပါးနဂျီ (Telenomus spp, Tetrastichus spp, Trichogramma spp) တို့ကိုမွေး၍ အဝါရောင်ဆစ်ပိုး ဦးရေနဲအောင်လုပ်ခြင်း

  •  ဥများကို စားသုံးသည့် သားရဲကောင်ဖြစ်သော ပင့်ကူများ၊ နှံကောင်များ ထည့်ပေးခြင်း

  • ခံနိုင်ရည်ရှိသောမျိုး မရှိသေးပါ

 

ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ

ပင်လုံးပျံ့ပိုးသတ်ဆေးများသုံးပါ ( Carbofurum, Chlopyriphos စသည် )

ပင်ပွားထွက်စအချိန်တွင် ပင်လုံးပျံ့ဆေးလုံးငယ်များကို အပင်ခြေတွင် ထည့်ပေးခြင်း၊

အပင်ကြီးထွားချိန်တွင် ဖြန်းဆေးပက်ဖျန်းခြင်း ဆောင်ရွက်ပါ။

 

ET မှာ ကျပန်း အပင်ရုံ ၂၀ တွင် ဥ အစုအဝေး ၂ ခု / ၁ စတုရန်းမီတာတွင် ဖလံ ၁ကောင် / စပါးရုံ အလယ်သေခြင်းနှင့် အနှံဖြူများ ၁၀-၁၅ % တွေ့ရချိန်