ကြက်လည်လိန်ရောဂါ ခံစားနေရသော ကြက် (Source: HENDRIX GENETICS)
ရောဂါဖြစ်စေသော သက်ရှိ - Paramyxovirus (ဗိုင်းရပ်စ်)
ရောဂါဖြစ်ပွားသည့် အရွယ် - ကာကွယ်ဆေးမထိုးပေးထားလျှင် အသက်အရွယ်မရွေးဖြစ်ပွားနိုင်
ရောဂါလက္ခဏာများ - ကြက်အမွှေးများကို တဖြတ်ဖြတ်ခတ်ပြီး အာရုံကြောဆွဲခြင်း၊ ခေါင်းနှင့် လည်ပင်းများ ယောင်ရမ်း ခြင်း၊ ကြက်များမှိုင်နေခြင်း၊ အသက်ရှုနှုန်းမြန်ခြင်း၊ အားအင်ချိနဲ့ခြင်း၊ အစိမ်းရောင်ဝမ်းပျော့များသွား ခြင်း၊ ခေါင်းသည် ကျောဘက်သို့လိမ်နေခြင်း၊ ရောဂါဖြစ်နေသော ကြက်သည် ၃-၄ ရက်အကြာတွင် သေဆုံးခြင်း
ကာကွယ်ကုသနည်း - လစဉ် (သို့) ၃ လတစ်ကြိမ် ကာကွယ်ဆေး ထိုးနှံခြင်း၊ မျက်စဉ်းခပ်ပေးခြင်း၊ ကြက်များပေါ်သို့ ဆေး ဖြန်းပေးခြင်း၊ သောက်ရေထဲသို့ ဆေးထည့်တိုက်ခြင်း