logo

စပါးရွက်ထိပ်ဖြူရောဂါ

စပါးရွက်ထိပ်ဖြူရောဂါ

ရောဂါ၏ အင်္ဂလိပ်နာမည်- Rice white tip nematode disease

  • စပါးပင်၏ အရွက်ဖျားတွင် ကျရောက်သော Aphelenchoides besseyi နီမတုတ် ကြောင့်ဖြစ်သည်။ 

  • စပါးတွင် ဖျက်ဆီးမှုအများဆုံး ကပ်ပါးရောဂါ တမျိုးဖြစ်သည်။

  • စပါးစိုက်ပြီး ၂ လခန့်တွင် ရောဂါ လက္ခဏာတွေ့ရှိရတတ်သည်

ရောဂါလက္ခဏာ

  • အရွက်များထိပ်ပိုင်း ၁ လက်မ နှ ၂လက်မခန့် အဖြူရောင်ဖြစ်နေပြီး နောက်ပိုင်းတွင် ယင်း ထိပ်ဖျားပိုင်းသည် လိမ်ကောက်ပြီး ခြောက်သွေ့ သွားသည်။ 

  • အရွက်အဖျားသာ ဖြူပြီး ခြောက် သွေ့ သွားသော်လည်း ကျန်အရွက် အစိတ်အပိုင်း များ ပုံမှန်အတိုင်းစိမ်းလျှက်ရှိသည်။

  • ဆက်လက်တိုက်ခိုက်ခံရပါက အလံရွက် ရှုံ့တွလိမ်ကောက်ပြီး အနှံမထွက်နိုင်ဘဲဖြစ်နေ တတ်သည်။ အနှံထွက်ပါက အရွယ်အစား ပုံမှန်ထက်သေးပြီး အစေ့များအဆံမတည်ကြပါ။



ထိပ်ဖြူရောဂါ ကျနေသော စပါးရွက်များ Source: LSU Agri-center

 

 

ရောဂါကူးစက်ဖြစ်ပွါးပုံ

  • နီမတုတ်များသည် ရောဂါကျစပါးမျိုးစေ့ထဲတွင် နေထိုင်ကြပြီး စိုက်ပျိုးသောအခါ နိုးကြားလာပြီး စပါးပင်၏ကြီးထွားဇုံ ပတ်ဝန်းကျင်တွင် နေထိုင်ကျက်စားကြသည်။ ရွက်ဖုံးမှ အနှံမထွက်မီ အနှံတွင်းသို့ ဝင်ရောက်သွားသည်။

  • စပါးခွံ နှင့် အဆံကြားတွင်နေထိုင်ပြီး နောက်တရာသီ စိုက်ပျိုးသောအခါ ဆက်လက်တိုက်ခိုက်ဖျက်ဆီးသည်။

 

ရောဂါကာကွယ်ရန်အလေ့အကျင့်ကောင်းများ

  • ကြိုတင်လေ့လာပြီးမှသာ ရောဂါကင်းသော စပါးမျိုးစေ့ကို ရွေးချယ်စိုက်ပျိုးသင့်သည်။

  • အပူချိန် ၅၂-၅၃ ဒီဂရီ စင်တီဂရိတ် ခန့်ရှိသောရေနွေးတွင် မျိုးစေ့များကို ၁၅ မိနစ်ခန့် စိမ်ပေးခြင်းဖြင့် မျိုးစေ့တွင်းရှိ နီမတုတ်များကို သေစေနိုင်သည်။

 

ဓာတုဆေးဖြင့်ကာကွယ်နှိမ်နင်းပုံ

  • ရွှေ့ပြောင်းစိုက်ပျိုးခြင်း မလုပ်မီ ၇ ရက်တွင် ပျိုးခင်းတွင် Carbofurum 3G ကို ၁.၀ Kg a.i/hac နှုန်းထားဖြင့် ထည့်သွင်းကာကွယ်နိုင်သည်။