logo

စပါးယူဖရာရောဂါ

စပါးယူဖရာရောဂါ

ရောဂါ၏ အင်္ဂလိပ်နာမည် - Rice Ufra disease

စပါးပင်စည် တွင်ကျသော Ditylenchus angustus  နီမတုတ် ကြောင့်ဖြစ်ပွားသည်။

  • မဲခေါင်နိုင်ငံများတွင် ရေနက်စပါး စိုက်ခင်းများ၌ ဆိုးဝါးစွာ ကျရောက်ဖျက်ဆီးသော ရောဂါတခုဖြစ်သည်။

  • စပါးအနှံမထွက်မီ အပင်ငယ်အဆင့်တွင် စတင်ဖြစ်ပွားတတ်သည်။

  • ရွှေ့ပြောင်းစိုက်ခါစ အပင်များတွင် ရောဂါစတင်ကျရောက်ပါက စပါးအထွက် ကို ၃၀-၈၀ % ထိ၊ အချို့နေရာများတွင် ၁၀၀ % ထိ ထိခိုက်နိုင်သည်။

  • ရောဂါ ပြင်းထန်ပါက တခင်းလုံး မီးလောင်ကျွမ်းသကဲ့သို့ ခြောက်သွေ့သွားတတ်သည်။

ရောဂါ လက္ခဏာ

  • စပါးနှံမထွက်မီ အပင်ငယ်များအဆင့်တွင် အရွက်နုများ၏ အခြေတွင် အဖြူရောင် အစက်အပြောက်များပြန့်ကြဲဖြစ်ေပါ်ပြီး ၎င်းတို့သည် အညိုရောင်သို့ပြောင်းသွားသည်။ 

  • အရွက်များတွန့်လိမ် ကောက်ကွေးခြင်း၊ ပုံပျက်ခြင်း၊ ရွက်ဖုံးများ ပုံမမှန်ခြင်းတို့ဖြစ် ပေါ်သည်။ 

  • ပင်ခြေအဆစ်များမှ ပုံမမှန်သော ပင်ပွားများထွက်ခြင်း၊ ပင်စည်၏ အပေါ်ပိုင်း ဆစ်ကြားများ ညိုနက်ရောင်သို့ ပြောင်းသွားခြင်းများလည်း တွေ့ရသည်။

  •  အနှံထွက်ချိန်တွင် အနှံများသေးငယ် ပြီး မအောင်မြင်အဖျင်းများသည့် အနှံများထွက်ခြင်း၊ အနှံတဝက်တပျက်ထွက်ခြင်း၊ အနှံမထွက်နိုင်ဘဲ တစ်လစ်ဖြစ်ခြင်း တို့ကို တွေ့ရသည်။ အလံရွက်နှင့် အနှံများတွန့်လိန် ကောက်ကွေးနေသည်။



a-စပါးပင်ကြီးထွားစဥ် တွင် ရောဂါလက္ခဏာ.  b- စပါးနှံထွက်ချိန်တွင် တွေ့ရသည့် လက္ခဏာများ (source: Research Gate)

စပါးနှံ များ တစ်လစ်/ တဝက်တပျက် ထွက်နေပုံ(source : Plantwise Knowledge Bank)

 

ရောဂါကူးစက်ဖြစ်ပွားပုံ

  • သွင်းရေ၊ ထုတ်ရေမှ ကူးစက်နိုင်သည်။

  • ယခင်နှစ် ရောဂါရ စိုက်ခင်းတွင် ပျိုးထောင်မိပါက ပျိုးပင်များမှတဆင့် စိုက်ခင်းသစ်များသို့ ကူးစက်ပျံ့နှံ့သည်။

  • ရောဂါ ကျရောက်ထားသော အပင်အစိတ်အပိုင်းများ စိုက်ကွက်တွင် ကျန်ရှိနေရာမှ ကူးစက်နိုင်သည်။

 

ဓာတုဆေးဖြင့်ကာကွယ်နှိမ်နင်းပုံ

 

  • ရောဂါဖြစ်ပွားမှုစတင်ချိန်တွင် Carbendazim ဆေးရည် ၀.၃ % ( ရေတလီလျှင် ဆေးရည် ၃ ml ) နှုန်းဖြင့် ပျိုးခင်းရော၊ စိုက်ခင်းတွင်ပါ ပက်ဖြန်းနိုင်သည်။

  • 0.2% diazinon (60 e.c.)(သို့)  0.1% benomyl (50 w.p.) (သို့) carbofuran granules (3%) 22.4 kg /ha တို့ကို ၁၅ ရက်စီခြား၍ ၃ ကြိမ်း ပက်ဖြန်း နိုင်သည်။