logo

စပါးရွက်ဖုံးပုပ်ရောဂါ

စပါးရွက်ဖုံးပုပ်ရောဂါ

ရောဂါ၏ အင်္ဂလိပ်အမည်- Sheath Rot disease

  • ဤရောဂါသည် မှို နှင့် ဘက်တီးရီးယား အုပ်စု ရောနှောတိုက်ခိုက်မှုကြောင့်ဖြစ်သည်

  • Sarocladium oryzae and Fusarium sp. အုပ်စုဝင် မှို နှင့် Pseudomonas fuscovaginae အုပ်စုဝင် ဘက်တီးရီးယား တို့မှာ အဓိက ရောဂါဖြစ်စေသည်။

  • ရောဂါရ စပါးစေ့များအညိုရောင်စွန်းထင်းနေတတ်သည်။

  • မျိုးစေ့ဆောင်ရောဂါဖြစ်သည်။

ရောဂါလက္ခဏာ

  • စပါးအလံရွက်၏ရွက်ဖုံးပေါ်တွင် လုံးရှည် (သို့) ပုံမမှန် အညိုရောင် အနားရစ်ရှိသော မီးခိုးရောင်အနာကွက်များ ဖြစ်ပေါ်သည်။ ရောဂါကွက်များတခုနှင့် တခုပေါင်းစပ်သွားပြီး ရွက်ဖုံးတခုလုံးဖုံးလွှမ်းသွားနိုင်သည်။ ရောဂါပြင်းထန်လျှင် အနှံမထွက်ဘဲ တစ်လစ်ဖြစ်နေသည်။

  • ရောဂါရ ရွက်ဖုံး၏ အတွင်းဖက်တွင် ဖြူဖွေးသောမှိုမျှင်များကို တွေ့နိုင်ပြီး အနှံမှာပုတ်နေတတ်သည်။ တစိတ်တပိုင်းထွက်နေ သောအနှံမှာ အညိုဖျော့မှ အညိုရင့်ရောင်ရှိပြီး ပန်းရောင်ဖျော့ မှိုမျှင်နှင့် စပိုးများဖုံးအုပ်နေတတ်သည်။

 

source : Research Gate  

ရောဂါကူးစက်ဖြစ်ပွားပုံ

  • မှိုစပိုးများသည် လေဖြင့်ပျံ့လွင့်၍ ကူးစက်ပျံ့နှံ့နိုင်သည်

  • စပါးပင်အတွင်းသို့ လေပေါက် နှင့် အင်းဆက်ကြောင့်ဖြစ်သော ဒဏ်ရာများမှ ဝင်ရောက်နိုင်သည်

 

ရောဂါကာကွယ်ရန်အလေ့အကျင့်ကောင်းများ

  • ပထမရာသီမှ ရောဂါရကောက်ရိုးနှင့် ရိုးပြတ်များကို စိုက်ခင်းထဲမှ ဖယ်ရှားရှင်းလင်းပေးရမည်။ 

  • မျိုးစေ့ဆောင်ရောဂါ ဖြစ်သဖြင့် ယုံကြည်စိတ်ချရသော မျိုးစေ့ရောင်းသူထံမှသာ ကောင်းမွန်သန့်ရှင်းသောမျိုးစေ့များ ဝယ်ယူစိုက်ပျိုးသင့်သည်။

 

ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ

  • စပါးမျိုးစေ့များကို Mencozeb / Benomyl စသော ဆေးများဖြင့် ဆေးစီရင်ပေးခြင်းဖြင့် မျိုးစေ့ဆောင် ရောဂါပိုးများကို ဖယ်ရှားနိုင်သည်။

  • အနှံထွက်ချိန်တွင် ကျရောက်ပါက Carbendazim- ၂၅၀ g/ ha / Endifenphos- ၁ လီတာ/ ha (သို့) Chlorothalonil- ၁ Kg/ ha  တို့ကို ပက်ဖြန်းပေးခြင်းဖြင့် ရောဂါဖြစ်ပွါးမှုကို လျှော့ချနိုင်သည်။